တရုတ်-ကန် ပထမဆုံး ကျည်ဆန်ရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်း အတားအဆီးခံရ

2016-06-14 10:24:48 |သတင်းအရင်းအမြစ် 国际在线

မကြာမီက တရုတ်နှင့် အမေရိကန်တို့၏ ပထမဆုံး ကျည်ဆန်ရထားလမ်း ဖောက်လုပ် ရေးလုပ်ငန်းသည် အတားအဆီးခံရကြောင်း၊ ဘက်အသီးသီးတို့သည် ယင်းအပေါ် အာရုံစိုက်နေကြကြောင်း တရုတ်ပြည်သူ့နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

မကြာမီက တရုတ်-အမေရိကန် ကျည်ဆန်ရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အမေရိကန်ဘက်မှ XpressWestကော်ပိုရေးရှင်းသည် မမျှော်လင့်ဘဲ ကန်ထရိုက်စာချုပ်ကို တစ်ဖက်သတ် ဖောက်ဖျက်ပြီး ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ တရုတ် CREC၏ အမေရိကန် ကော်ပိုရေးရှင်း လိမိတက်နှင့် ဖက်စပ်လုပ်ကိုင်သော ကုမ္ပဏီ ပူးတွဲ တည်ထောင်ခြင်းနှင့် California ပြည်နယ် တောင်ပိုင်းနှင့် Las Vegasကို ဆက်စပ်ပေးမည့် ကျည်ဆန်ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ဆက်လက် မဆောင်ရွက်တော့ကြောင်းဖော်ပြသည်။

ပညာရှင်များက တရုတ်ပြည်သည် ကျည်ဆန်ရထား ထုတ်လုပ်မှု၊ ကျည်ဆန်ရထား လမ်းဖောက်လုပ်ရေးနှင့် လုပ်ကိုင်ဆောင်ရွက်ရေး နယ်ပယ်များမှ တစ်ကမ္ဘာလုံး အာရုံစိုက် ကြပြီးကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ကျည်ဆန်ရထားလမ်း ဖောက်လုပ်ရေး နယ်ပယ်တွင် တရုတ်ပြည်သည် ဈေးနှုန်းသက်သာခြင်းနှင့် အရည်အသွေးကောင်းမွန်ခြင်း အပါအဝင် အားသာချက်များ ရှိကြောင်း၊ ၄င်းကျည်ဆန်ရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်း ဆောင်ရွက်ပြီးလျှင် ဒေသခံ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာ တွန်းအားပေးမည် ဖြစ်ကြောင်း၊ ၄င်းကန်ထရိုက်စာချုပ်ကို အမေရိကန် တစ်ဖတ် သတ်ဖောက်ဖျက်ခြင်း၏ အနှစ်သာရသည် ကုန်သွယ်မှုဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ် ရေးပင်ဖြစ်ကြောင်း၊ ယင်းသို့ တာဝန်မခံသော ဆောင်ရွက်မှုသည် ၄င်း၏ စီးပွားရေး ဆိုင်ရာ ဂုဏ်သိစ္စာကို ထိခိုက်စေမည့်အပြင်၊ ရထားလမ်း တစ်လျှောက်က အမေရိကန် ပြည်သူများ၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေမည် ဖြစ်ကြောင်း ယူဆသည်။