မြန်မာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးရက်၁၀၀စီမံကိန်းအောင်မြင်မှုထင်ရှား

2016-06-14 10:26:10 |သတင်းအရင်းအမြစ် 国际在线

မြန်မာနိုင်ငံပြည်ထောင်စုအစိုးရသည် မေလ၁ရက်နေ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရက်၁၀၀စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ဇွန်လ၉ရက်နေ့အထိ မူးယစ်ဆေးဝါးဆိုင်ရာဖမ်းဆီးမှုအကြိမ်၂၁၀ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သူ၆၀၀ကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ၄င်းအနက် မူးယစ်ဆေးဝါးသုံးစွဲသူ ၃၁၁နှင့် မူးယစ်ဆေးဝါးရောင်းချသူ အယောက်၃၀၀ရှိကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

  ၃လကြာရက်၁၀၀စီမံကိန်းတွင် မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးပိတ်ပင်ရေး ပညာပေးရေးအဆင့်၂ဆင့်ရှိကြောင်း သတင်းရရှိပါသည်။