တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရော

2016-06-14 10:27:01 |သတင်းအရင်းအမြစ် 国际在线

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ အစည်းအဝေး) အကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက အကြို ပြင်ဆင်ရေး ကော်မတီသည် ငြိမ်းချမ်းရေးစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း၊ NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေနှင့် ကျင်းပတော့မည့် ၂၁ ရာစုပင်လုံ အစည်းအဝေးသို့ တက်ရောက်နိုင်ရန် မျှော်လင့်ကြောင်း ၁၂ ရက်နေ့က ပြောကြားခဲ့သည်။

၂၁ ရာစုပင်လုံ အစည်းအဝေးသည် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်ထောင်စု စနစ်ဆိုင်ရာ တိုက်ရိုက်ဆွေးနွေးမှုကို အလေးထားမည် ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့အနေနှင့် ဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် သဘောတူညီမှုကို ပိုမိုလျင်မြန်စွာ ရရှိလေ၊ နိုင်ငံတော် တည်ဆောက်ရေး တာဝန်ကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်လေ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို ကိုးကား၍ မြန်မာ မီဒီယာများက ရေးသားသည်။