တရုတ်နှင့် အာဆီယံနိုင်ငံများ ထာဝရမိတ်ဆွေဖြစ်ရန်လိုဟု ဝမ်ယိ ဆို

2016-06-15 11:08:42 |သတင်းအရင်းအမြစ် 国际在线

၁၃ရက်နေ့ညက တရုတ်ယူနန်ပြည်နယ် ယုရှီးမြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်ကြသော နိုင်ငံခြားရေး ဝန်ကြီးများအတွက် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး မိန့်ခွန်းပြောကြား ခဲ့ပါသည်။

တရုတ်နှင့်အာဆီယံနိုင်ငံများသည် တောတောင်ရေမြေချင်း ဆက်စပ်နေပြီး ခွဲ၍မရသော အိမ်နီးချင်းများဖြစ်သောကြောင့် ထာဝရမိတ်ဆွေနှင့် မိတ်ဖက်ဖြစ်ရန်လို ကြောင်း၊ ယင်းသည် မိမိတို့အတွက် တစ်ခုတည်းသော မှန်ကန်ပြီး တူညီသည့် ရွေးချယ်မှုဖြစ်သင့်ကြောင်း၊ ဝမ်ယိက ပြောကြားခဲ့သည်ဟု၊ စီအာအိုင်သတင်းအရ သိရပါသည်။