ဂျာမဏီဝန်ကြီးချုပ်မယ်ကယ်နှင့် လီခေ့ချန်တွေ့ဆုံ

2016-06-15 11:09:13 |သတင်းအရင်းအမြစ် 国际在线

   တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယမန်နေ့၁၃ရက်နေ့ နံနက်ပိုင်း က ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံတွင် တရားဝင်ခရီး လှည့်လည်ရန်ရောက်ရှိနေသော ဂျာမဏီ ဝန်ကြီးချုပ်မယ်ကယ်နှင့် တွေ့ဆုံနှုတ်ဆက် ခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။

   နှစ်နိုင်ငံဝန်ကြီးချုပ်များသည် တရုတ်-ဂျာမဏီဆက်ဆံရေးကို ချီးကျူးခဲ့သည်။ လီခေ့ချန်က တရုတ်နိုင်ငံအနေနှင့် တရုတ်-ဂျာမဏီဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးဦးတည်ချက်ကို စွဲကိုင်လိုကြောင်း၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တိုးပွားစေပြီး မဟာဗျူဟာညီညွတ်စေရေးကို ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေကာ ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေး၊ စက်မှုလုပ်ငန်း စသည့်နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုကြောင်း၊ နိုင်ငံတကာနှင့်ဒေသတွင်းရေးရာများတွင် ဆက်ဆံမှုနှင့်ညှိနှိုင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးပြီး နှစ်နိုင်ငံအကြားအစိုးရမဟုတ်သောနှင့် ဒေသန္တရ ကူးလူးဆက်ဆံမှုကို အားပေးထောက်ခံ၍ တရုတ်-ဂျာမဏီဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဘက်စုံမြှင့်တင်ခြင်းကို တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများ ချမ်းမြေ့သာယာအောင် ပိုမိုကောင်းမွန်စွာ အကျိုးဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။