တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက၊ နိုင်ငံ အချို့သည် တောင်ပင်လယ် ပြဿနာအပေါ် တရုတ်ပြည်အား သရုပ်ဖျက်သည့် မဟုတ်မမှန် ပြောဆိုချက်သည် အဖြစ်မှန်ကို ဖုံးကွယ်နိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံတကာ မိသားစုကြီးကိုလည်း ကိုယ်စားမပြုနိုင်ကြောင်း ၁၄ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။