တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်းယိသည် ၁၄ရက်နေ့က တရုတ်ပြည်ယူနမ်ပြည်နယ် ယုရှီးမြို့၌ ကျင်းပခဲ့သော တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် တက်ရောက်ပြီး သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း၊ ဝမ်းယိက ယခုအကြိမ်တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် ၂၀၁၆ခုနှစ်တွင် တရုတ်နှင့်အာဆီယံနှစ်ဖက်မှနိုင်ငံခြားရေးဝန်ကြီးများ၏ပထမအကြိမ် ဆွေးနွေးပွဲဖြစ်ပြီး တရုတ်နှင့်အာဆီယံဆွေးနွေးရေးဆက်ဆံမှုထားရှိခဲ့သည့် ၂၅နှစ် ပြည့်မြောက်သည့်အခြေအနေမျိုးတွင် ကျင်းပသောကြောင့် အရေးကြီးပြီးထူးခြားသည့် အနက်အဓိပ္ပါယ်ပါရှိကြောင်း၊ ယင်းသည် အချိန်မီ၊ အရေးကြီးသော မဟာဗျူဟာမြောက်စေ့စပ်ဆွေးနွေးပွဲဖြစ်ကြောင်းပြောကြားခဲ့သည်ဟု စီအာအိုင်သတင်း အရသိရပါသည်။