တောင်ပင်လယ်ပြဿနာကြောင့် တရုတ်-အာဆီယံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက

2016-06-15 11:10:16 |သတင်းအရင်းအမြစ်

      တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် အပြန်အလှန် နာလည်မှု တိုးပွားစေရေးမူကို အခြေခံပြီး တောင်ပင်လယ်ပြဿနာနှင့်ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးကြကြောင်း၊ တောင်ပင်လယ် အေးချမ်းတည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းကာကွယ်ပြီး ဒေသတွင်း လုံခြုံရေးနှင့် စည်ပင်သာယာရေးကို တွန်းအားပေးသင့်ကြောင်း၊ တရုတ်-အာဆီယံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေရန်အတွက် တောင်ပင်လယ်ပြဿနာကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု ထပ်လောင်းဖော်ပြကြောင်း၊ တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းကို ဘက်စုံမှ ထိရောက်စွာ လက်တွေ့ ဖော်ဆောင်ပြီး တောင်ပင်လယ်ဆိုင်ရာ ဆောင်ရွက်ရေးမူ တိုင်ပင်ဆွေးနွေးပွဲကို တက်ကြွစွာ တွန်းအားပေးကာ တိုင်ပင်ဆွေးနွေးခြင်းဖြင့် သဘောတူညီမှုရရှိရေး အခြေခံပေါ်တွင် အခြေခံမူကို အမြန်ဆုံး သတ်မှတ်ရန် ကြိုးပမ်းသင့်ကြောင်း ၁၄ ရက်နေ့က တရုတ် ယူနန် ပြည်နယ် ယုရှီးမြို့၌ကျင်းပခဲ့သော တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။