တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံးမှ ၁၆ရက်နေ့တွင် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ၊ ၁၃ကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲကို စက်တင်ဘာလ၁၁ရက်နေ့မှ ၁၄ရက်နေ့အထိ နန်နင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်စည်ပြပွဲ၏ဆောင်ပုဒ်မှာ ၂၁ရာစုပင်လယ်ပိုးလမ်းမကြီးကို လက်တွဲ တည်ဆောက်ခြင်းနှင့် ပိုမိုနှင်းနှီးသောတရုတ်-အာဆီယံကံကြမ္မာအသိုက်အဝန်းကို တည်ထောင်ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။
ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်စသောနိုင်ငံများသည် ပြခန်းဆောင်ငှါးပြီးခင်းကျင်းပြသမည်ဖြစ်ကြောင်း အတည်ပြုပြီဟု ဆင်ဟွာသတင်းအရသိရပါသည်။