မူဆယ် ဗဟိုစီးပွားရေးဇုန် တည်ဆောက်ရေး ၈၀ ရာခိုင်နှုန်းပြီးစီး

2016-06-16 11:27:14 |သတင်းအရင်းအမြစ် 中华网

တရုတ် ယူနန်ပြည်နယ် ရွှေလီမြို့နှင့် နယ်နိမိတ်ချင်းဆက်စပ်သော မြန်မာမူဆယ် ဗဟိုစီးပွားရေးဇုန် တည်ဆောက်ရေးသည် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း၊ World News သတင်းစာမှ သတင်းအရ သိရပါသည်။

မူဆယ် ဗဟိုစီးပွားရေးဇုန်သည် မြန်မာ ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့၌တည်ရှိပြီး ၂၀၁၃ခုနှစ် ဧပြီလ ၅ ရက်နေ့က ဒေသန္တရအစိုးရမှ ခွင့်ပြုချက်ရရှိပြီး ဇူလိုင်လ ၄ ရက်နေ့မှစပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းစီးပွားရေးဇုန်၏ အကျယ်အဝန်းသည် ဟက်တာပေါင်း ၁၂၀ ရှိကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကို တိုးမြှင့်ရန်အတွက် ရှမ်းပြည်နယ်အစိုးရနှင့် နယူးစတားလိုက် ကုမ္ပဏီ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ကို ရင်းနှီးမြှုပ်နှံကာ ၄င်း စီးပွားရေးကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းစီးပွားရေးဇုန်ထဲတွင် ကုန်သွယ်ရေးဇုန်၊ ကွန်ဒို၊ ကုမ္ပဏီအသီးသီး၏ ဌာနခွဲများ၊ အချောကိုင်ပြီးသား ကျောက်စိမ်း အရောင်းအဝယ်ဈေး၊ စူပါမတ်ကက်၊ ရဲဌာန၊ မီးသတ်ဌာန၊ အဆင့်မြင့် တည်းခိုခန်း အလုံးပေါင်း ၃၀၀၊ ဟိုတယ် ၃ခုနှင့် တိုင်းရင်းသားရွာတစ်ရွာပါရှိကြောင်း သတင်းအရ သိရပါသည်။