မန္တလေးမြို့ ဘူတာကြီးဂုံးကျော်တံတား ချဉ်းကပ်လမ်းတွင် ဆိုင်ကယ်များ လမ်းပြောင်းပြန်

2016-06-17 11:15:20 |သတင်းအရင်းအမြစ် 中华网

မန္တလေး ဇွန် ၁၆

မန္တလေးမြို့ ဘူတာကြီးဂုံးကျော်တံတားပေါ် ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော် ဆိုင်ကယ်များ အနေနှင့် တံတားချဉ်းကပ်လမ်းသို့ ၀င်ရောက်ရာတွင် လမ်းစည်းကမ်း ချိုးဖောက်မှုတို့ရှိ နေသဖြင့် အန္တရာယ်များသဖြင့် သက်ဆိုင်ရာ

မှထိထိရောက်ရောက်အရေးယူ ဆောင်ရွက်ပေးရန်လို အပ်နေကြောင်း ယာဉ်ကြော

အသုံးပြုသူများထံမှသိရသည်။

 “တံတားပေါ်ဖြတ်ဖို့အတွက် ဘူတာကြီးအ၀ိုင်းကနေ ၇၈ လမ်းပေါ်ကို လမ်းပြောင်းပြန်ဝင်လာ တတ်တယ်၊ ယာဉ်ထိန်းရဲကမရှိတာကများတယ်၊ ရှိလည်း ခိုးဝင်နေကြတာပါပဲ၊ ဒါကိုကြပ်ကြပ်မတ်မတ်လုပ်ပေးစေချင်တယ်၊ ခုထိတော့ကြီးကြီး

မားမားတိုက်တာခိုက်တာမျိုးမရှိသေးပေမယ့်၊ ဆိုင်ကယ်ချင်းခဏ ခဏငြိတာမျိုးတော့

ရှိတယ်” ဟု Taxi ယာဉ်မောင်းကိုထွန်းဇံကပြောသည်။

မန္တလေးမြို့၏အရှေ့နှင့်အနောက်ကိုမန္တလေးဘူတာကြီးကပိုင်းခြားထားခြင်းဖြစ်

ပြီးလမ်း ၃၀ ကိုအရှေ့ဘက်မှမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် တစ်ချို့သည် နှစ်လမ်းသွား ၇၈ လမ်းပေါ် လမ်းပြောင်းပြန်ဖြင့်ဂုံးကျော်တံတားချဉ်းကပ်လမ်းသို့ဖြတ်

သန်းဝင်ရောက်မှုတို့ရှိနေရာအခန့်မသင့်ပါကယာဉ်တိုက်မှုအန္တရာယ်ဆိုးဆိုးရွားရွားဖြစ်

လာနိုင်သည်ဟုလည်း ယာဉ်ကြောအသုံးပြုသူများကဆိုသည်။

 “တစ်ချို့က တံတားဖြတ်သန်းခမကောက်တော့ဘူးဆိုပြီး အရှိန်နဲ့မောင်း

ဝင်လာတာရှိတယ်၊ အရင်ကတော့ တံတားခြေရင်းမှာဖြတ်သန်းခကောက်တော့ ဖြေးဖြေးမှန်မှန်မောင်းကြတယ်၊စည်းကမ်းမဲ့လမ်းပြောင်းပြန်မောင်းတဲ့ဆိုင်ကယ်တွေအတွက် ယာဉ်ထိန်းရဲတစ်ယောက်လောက်တော့ စောင့်ကြည့် တားဆီးသင့်တယ်” ဟု မန္တလေးမြို့ခံဦးတင်အောင်ကပြောသည်။

ဘူတာကြီးဂုံးကျော်တံတားဖြတ်သန်းခကောက်ခံခြင်းမရှိတော့ကြောင်းသတင်း

များထွက် ပေါ်နေသော်လည်း အမှန်တကယ်တွင် တံတားပေါ်ဂိတ်ထိုး ကောက်ခံလျက်

ရှိနေပြီး မကြာခင်တွင် တော့ အခမဲ့ဖြတ်သန်းနိုင်အောင် တိုင်းဒေသကြီးအစိုးရကဆောင်

ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ထွေး