ရန်ကုန် ဇွန် ၁၆
ချင်းတွင်းမြစ်ပေါ် ရွှေတူးဖော်ခြင်းနှင့် သစ်ထုတ်လုပ်မှုများ အမြန်ဆုံး ရပ်တန့်ပေးရန် ချင်းတွင်းမြစ်ပေါ်နေထိုင်သည့် ဒေသခံများက ယနေ့ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်း ဆိုခဲ့သည်။ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ချင်းတွင်းမြစ်ပေါ်နေထိုင်သည့် ဒေသခံများက ချင်းတွင်းမြစ်ပေါ် ရွှေတူးဖော်ခြင်းနှင့် သစ်ထုတ်လုပ်မှုများ အမြန်ဆုံး ရပ်တန့်ပေးရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုခဲ့
ခြင်း ဖြစ်သည်။
'' ဒီလိုမျိုး ရွှေတူးတာတွေ သစ်ထုတ်တာတွေကြောင့် စိုက်ပျိုးဖို့ မြေနေရာတွေ ရှားပါးလာ
တယ်။ သောက်စရာရေတွေ အခက်အခဲဖြစ်တယ်။ ရွှေတူးတဲ့ ချိုင့်ခွက်တွေထဲကို ကျွဲ၊ နွား
တွေ ပြုတ်ကြပြီး သေကြတယ်။ ဒါကြောင့် ကုမ္ပဏီတွေ အနေနဲ့ ရွှေတူးတာတွေ သစ်ထုတ်
တာတွေကို ရပ်တန့်ပေးဖို့တောင်းဆိုတာပါ''ဟု ဒေသခံဦးစိုင်းဆမ်းတွိုင်ကပြောသည်။
ရွှေတူးဖော်ခြင်းကြောင့် ပျက်စီးရသည့် မြေနေရာများကို ပြန်လည်ပြုပြင်ပေူရန် ဒေသခံများက ဆန္ဒရှိကြပြီး အဆိုပါကိစ္စကို သက်ဆိုင်ရာက အမြန်ဆုံး အကောင်အ
ထည်ဖော်ပေးရန် ချင်းတွင်းမြစ်ကြောတစ်လျောက်တွင် နေထိုင်သော ဒေသခံများက တောင်းဆိုရခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။
စည်သူ