ရေစီးရေလာကောင်းရန် ရေနုတ်မြောင်းရှင်းလင်း ဆောင်ရွက်နေမှုကို ရေရှည်စီမံကိန်းတစ်ရပ်

2016-06-17 13:51:48 |သတင်းအရင်းအမြစ် 中华网

ရန်ကုန်  ဇွန် ၁၆

ရန်ကုန်မြို့တော်အတွင်း ရေစီးရေလာကောင်းမွန်ရေး အတွက် ရေနုတ်မြောင်း

များ ရှင်းလင်းဆောင်ရွက်နေမှုကို ရေရှည်စီမံကိန်းတစ်ရပ် ရေးဆွဲ၍ဆောင်ရွက်သွား

မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ပြော

ကြားခဲ့သည်။

 ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး၏ နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် ပြုလုပ်သည့်အစည်းအဝေး၌ဝန်ကြီးချုပ်က လွှတ်

တော်သို့ပြောကြားသည့်မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

 ''ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ငမိုးရိပ်ချောင်း

စသည်တို့ကိုပြုပြင် ထိန်းသိမ်းဆောင်ရွက်ပြီး ရန်ကုန်ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုး

တိုးတက်ရန်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အပြင်လျှပ်စစ်မီးလုံလောက်စွာရရှိရေးအတွက်

လည်းလျှပ်စစ်ထုတ်လုပ်ခြင်း၊ သွယ်တန်းခြင်း၊ဖြန့်ဖြူးရေးလုပ်ငန်းရပ် များကိုပြန်လည်

သုံးသပ်ပြီး အကောင်းဆုံးဖြစ်နိုင်မယ့် စီမံကိန်းအသစ်တွေ အကောင်အထည်ဖော်ဆောင်

ရွက်သွားမှာပါ''ဟု ဦးဖြိုးမင်းသိန်းကပြောကြားသည်။

 ထို့အပြင် ရန်ကုန်မြို့ယာဉ်ကြောကျပ်တည်းမှု ပြေလျော့စေရန်ရန်ကုန်တိုင်းဒေသ

ကြီးအတွင်း သယ်ယူပို့ဆောင် ရေးအာဏာပိုင်အဖွဲ့တစ်ရပ်ထူထောင်ပြီး မီးပွိုင့်များ

ပြုပြင်ခြင်း၊ ဘတ်စ်ကား ယာဉ်လိုင်းများစနစ်တကျထူထောင် ခြင်း၊ တက္ကစီယာဉ်များကို မြို့တော်တက္ကစီအဖြစ်အသင်း အဖွဲ့များထူထောင်၍ ပြုပြင်ပြောင်းလဲခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

စည်သူ