ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၃၁/ ၂၀၁၆
၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်
(၂၀၁၆ ခုနှစ်၊ ဇွန်လ ၂ ရက်)
နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ
(National Economic Co-ordination Committee) ဖွဲ့စည်းခြင်း
၁။ နိုင်ငံတော်အနေဖြင့် တည်ငြိမ်အားကောင်းသော စီးပွားရေးမူဝါဒတစ်ရပ်ကို ချမှတ် အကောင် အထည်ဖေါ်နိုင်ရန် ကုန်သွယ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍနှင့် စက်မှုကဏ္ဍများ၏ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များ ရှိနေခြင်းကို ကဏ္ဍအသီးသီး၏ မူဝါဒများအား အချိုးညီ ချိတ်ဆက်ပေါင်းစပ် ညှိုနှိုင်းဆောင်ရွက်ပေးနိုင်ရေးအတွက် “ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (National Economic Co-ordination Committee)” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ဦးကျော်ဝင်း
ပြည်ထောင်စုဝန်ကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန ဥက္ကဋ္ဌ
(ခ) ဦးသန်းမြင့်
ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာန ဒုတိယ ဥက္ကဋ္ဌ
(ဂ) ဦးဆက်အောင်
ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဖွဲ့ဝင်
(ဃ) ဦးစိုးမင်း
ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဖွဲ့ဝင်
(င) ဦးခင်အေး
ဥက္ကဋ္ဌ၊
စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ
ပြည်သူ့လွှတ်တော် အဖွဲ့ဝင်
(စ) ဒေါ်ခင်စန်းလှိုင်
ဥက္ကဋ္ဌ
ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ
ပြည်သူ့လွှတ်တော် အဖွဲ့ဝင်
(ဆ) ဦးဟန်သာမြင့်
ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်
(ဇ) ဦးမျိုးမြင့်
ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား)
(ယခင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဋ္ဌာန) အဖွဲ့ဝင်
(ဈ) ဦးစိုးဝင်း
Partner, Deloitte Myanmar Association အဖွဲ့ဝင်
(ည) ဦးဘိုဘိုငယ်
ဋ္ဌာနမှူး
သုတေသနနှင့် ဆုံးရှုံးနိုင်ခြေရှိမှု စီမံခန့်ခွဲရေးဋ္ဌာန
ကမ္ဘောဇဘဏ်လီမိတက် အဖွဲ့ဝင်
(ဋ) ဒေါက်တာစန္ဒာဦး
ညွှန်ကြားရေးမှူးချုပ်
ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဋ္ဌာန အတွင်းရေးမှူး
၂။ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်သည်-
(က) သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဋ္ဌာနများမှ ဆောင်ရွက်လျက်ရှိသည့်/ ဆောင်ရွက်ရန် ရှိသည့် မူဝါဒများ၊ မူဝါဒအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အစီရင်ခံစားများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၏ အကြံပေးအဖွဲ့ (Think-Tank) မှ တစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ရယူရန်။
(ခ) မူဝါဒများ၊ မူဝါဒအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာများအပေါ် မူတည်၍ ကုန်သွယ်ရေးမူဝါဒ၊ ငွေရေးကြေးရေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို သုံးသပ်ရန်။
(ဂ) နိုင်ငံတော်၏ ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်သင့်သည့် မူဝါဒများ သတ်မှတ်ရန်။
(ဃ) အကောင်အထည်ဖေါ်မည့် ဦးစားပေးမူဝါဒများ၏ မဟာဗျူဟာ၊ နည်းဗျူဟာများ သတ်မှတ်ရန်။
(င) ပြည်ထောင်စုအစိုးရအဖွဲ့မှ အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရန်။
(စ) ကော်မတီအစည်းအဝေးကို လစဉ်ကျင်းပရန်
(ဆ) ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ မူဝါဒများ အလိုက်တင်ပြရန်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
စာအမှတ်၊ ၁၁၂ (၁)/ ၈/ သမ္မတရုံး
ရက်စွဲ ၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂ ရက်