နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် မွန်ဂိုလီးယားနိုင်ငံသမ္မတအား

2016-06-17 14:38:47 |သတင်းအရင်းအမြစ် 中华网

နေပြည်တော် ဇွန် ၁၆

          မြန်မာနိုင်ငံသို့ အလုပ်သဘော ရောက်ရှိနေသည့် မွန်ဂိုလီးယားနိုင်ငံသမ္မတအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ယနေ့ ဇွန် ၁၆ ရက် နေ့လယ်

စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာတွင်ဖော်

ပြခဲ့သည်။

          အဆိုပါဖော်ပြချက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိနေ သည့် မွန်ဂိုလီယားနိုင်ငံ

သမ္မတ မစ္စတာ ဇတ်ခ်ဟီးလ်ယာဒ်အယ်လ်ဘတ်ခ်ဒေါ့ဂ်ျအား ယနေ့မွန်းတည့်(၁၂)နာရီ

တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြနန်းဘုံသာလမ်းရှိ ၎င်း၏ နေအိမ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ နေ့လယ်စာတည်ခင်းဧည့်ခံပွဲသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီ

ဗန်ထီးယူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးကျော်တင်တို့တက်ရောက်ခဲ့ကြကြောင်းသိရ

သည်။

RT