နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အားအိန္ဒိယသမ္မတနိုင်

2016-06-17 14:47:27 |သတင်းအရင်းအမြစ် 中华网

နေပြည်တော် ဇွန် ၁၆ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယ သမ္မတနိုင်ငံဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ်ဖြစ်သူ အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်၊ ၀န်ကြီးချုပ်ရုံးဝန်ကြီးမစ္စတာ အာဂျစ်ဒိုဘယ်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာတွင် ဖော်ပြခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ သမ္မတနိုင်ငံဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ်ဖြစ်သူ အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်၊ ၀န်ကြီးချုပ်ရုံးဝန်ကြီးမစ္စတာ အာဂျစ်ဒိုဘယ်တို့ တွေ့ဆုံစဉ် စိုက်ပျိုးရေး ၊ ဆောက်လုပ်ရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ရေးရာကိစ္စရပ်များတွင် အတူတကွ ပူးတွဲဆောင်ရွက်ရေး ၊ နှစ်နိုင်ငံဆက် ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးကြကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာသို့ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းဖော်ပြချက်အရ သိရသည်။