The Economic Times
ပေကျင်း၊ ဇွန်-၁၆
ဒေသတွင်း ကုန်သွယ်ရေးကို သွေးသစ်လောင်းရန် သုံးနိုင်ငံကို ဆက်သွယ်ပေးသည့်စတီးဝဲ
လမ်းမ (Stiwell Road)ကို ပြုပြင်ထိန်းသိမ်းရေး အိန္ဒိယ၊ တရုတ်နှင့် မြန်မာတို့ပူးတွဲဆွေးနွေး
ပွဲစနစ်တစ်ခု ထူထောင်သင့်ကြောင်း တရုတ်မီဒီယာက ယနေ့တွင်ပြောကြားခဲ့သည်။စတီး
ဝဲလမ်းမကို ယခင်က လီဒိုလမ်းမဟု ခေါ်ဝေါ်ခဲ့သော်လည်း ကူမင်တန်ခေါင်းဆောင် ချန်ကေ
ရှိတ်၏ အကြံပြုချက်ဖြင့် စတီးဝဲကို အစွဲပြုခေါ်ဝေါ်လာခဲ့ကြသည်။ လီဒိုမှာ ဒဏ္ဍာရီလမ်းမ
စတင်ရာ အိန္ဒိယမြောက်ပိုင်းမှ မြို့ငယ်လေးတစ်မြို့ဖြစ်သည်ဟု နိုင်ငံပိုင် GlobalTimes
သတင်းစာပါ ဆောင်းပါးတွင် ဖော်ပြထားသည်။
လီဒိုမှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်းမြို့အထိ စတီးဝဲလမ်းမမှာ ကီလိုမီတာ ၁၈၀၀ ရှည်လျားည်။တရုတ်၊ အိန္ဒိယနှင့် မြန်မာကို ဆက်သွယ်ပေးသည့်ဤ
လမ်းမမှာတောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှအတွက် စီးပွားရေးအရ အရေးပါသည်မှာ သိသာထင်ရှားလှသည်ဟုလည်း တရုတ်မီဒီယာတွင် ဖော်ပြထားသည်။
“စီးပွားရေးအလားအလာတွေအပြင် ဒေသတွင်းမှာ ပို့ဆောင်ရေးကွန်ရက်ကို အားဖြည့်ဖို့ လိုအပ်နေတာကြောင့်လည်း တရုတ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေမှာဒီလမ်းကို ပြန်ကောင်း
အောင်လုပ်ဖို့ တောင်းဆိုသံတွေ ထွက်ပေါ်လာနေတာပါ။ သုံးနိုင်ငံစလုံးက ဒီစီမံကိန်းကို အလေးအနက် စဉ်းစားရမယ့်အချိန်ရောက်ပါပြီ” ဟု တရုတ်မီဒီယာတွင် ဖော်ပြထားသည်။