မြန်မာ့ခရီးသွားလေ့လာရေးအဖွဲ့ ယူနန်ပြည်နယ်တာ့လီသို့ ရောက်ရှိ

2016-06-17 15:29:39 |သတင်းအရင်းအမြစ် 德宏缅文网

မကြာသေးမီရက်ပိုင်းက မြန်မာနိုင်ငံမှ ခရီးသွားလေ့လာရေးအဖွဲ့သည် တရုတ်နိုင်ငံ ယူနန် ပြည်နယ် တာလီမြို့သို့ ခရီးစဉ်လမ်းကြောင်းများ လာရောက်လေ့လာခဲ့ကြကြောင်း သိရပါ သည်။

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း ခရီးသွားလာရေးလုပ်ငန်းအသင်း ဥက္ကဌ ဦးကြည်လွင် ဦးဆောင်သောအဖွဲ့ဝင်(၁၄)ဦးပါ လေ့လာရေးအဖွဲ့သည် ဦးစွာ တာ့လီဒေသရှိ ချန်စန်းကမ္ဘာ့ဘူမိဥယျာဉ်၊ အဲဟိုင်း၊ ကျုံးစိန့်စွတ်ဘုရားသုံးဆူ၊ တာလီကူချိန်ရှေးဟောင်းမြို့တော် စသည့် တာလီဒေသရှိ သာယာလှပပြီး ဆွဲဆောင်မှု အပြည့်ရှိသော ခရီးစဉ်ဇုန်ရှုခင်းများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ ခရီးစဉ်တစ်လျှောက်တွင်လည်း တာလီမြို့၏ လှပသော ရှုခင်းများ၊ ထူးခြားသော တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းများနှင့် ဒေသန္တရအစားအ စာများ၊ သမိုင်းကြောင်းများ၊ဗုဒ္ဓယဉ်ကျေးမှုများကို အသေးစိတ် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရပါသည်။

  မကြာမီက ကျင်းပပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်းဆွေးနွေးပွဲဖိုရမ်တွင် နှစ်ဦးနှစ်ဖက်မှ ခရီးသွား သယံဇာတများကို အပြန်အလှန်ဖလှယ်ခြင်း၊ တရုတ်-မြန်မာခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုများကို အတူတကွဆွေးနွေးခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းကမ်းလှမ်းခြင်းမျာြး ပုလုပ်ခဲ့ကြကြောင်း သိရပါသည်။ တာ့လီပြည်နယ်ခွဲ ခရီးသွားလာ ရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဒုတိယတာဝန်ခံ Ms.Xi Lingyi မှ 'ရာသီလေးပါးအလှတရားများနှင့် လွတ်လပ် ပျော်ရွှင်ဖွယ် တာလီမြို့' ဟူသည့်ခေါင်းစဉ်ဖြင့် မြန်မာ့ခရီးသွားဈေးကွက်တွင် တာ့လီခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

  အဆိုပါခရီးစဉ်အတွင်း တာ့လီခရီးသွားလုပ်ငန်းကုမ္ပဏီ၊ ချာဟွားခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ ဟိုင်ဝိုက် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း၊ ရိန်နီခရီးသွားဝန်ဆောင်မှုလုပ်ငန်းစသည့် ခရီးသွားလာ ရေး လုပ်ငန်းရှင်များနှင့် မြန်မာ့ခရီးသွား လေ့လာရေးအဖွဲ့သည် အပြန်အလှန်ဖလှယ်မှုများ ပြုလုပ် ခဲ့ပြီး ခရီးစဉ်လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ် ဆွေး နွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။

  (ကူမင်းသတင်းကွန်ယက်မှ ကောက်နှုတ်ဖော်ပြသည်)