ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ဂျာမနီနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်

2016-06-17 15:55:43 |သတင်းအရင်းအမြစ် 中华网

နေပြည်တော် ဇွန် ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်အား  မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့်ဂျာမနီနိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးDr.GerdMuller က ယနေ့(ဇွန် ၁၇ရက်)နံနက် ၁၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ကြောင်း Ministry of Foreign Affairs Myanmar  တွင်ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့်

ဂျာမနီနိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Dr.Gerd Muller တို့  တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လူငယ်များအနေဖြင့် အရည်အချင်းပြည့်ဝပြီး အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိစေရေး အတွက် အသက်မွေးဝမ်းကျောင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းကျောင်း များဖွင့်လှစ်ရေးနှင့် နည်းပညာများပံ့ပိုးပေးနိုင်ရေး၊ သမာရိုးကျ လယ်ယာစိုက်ပျိုးထုတ်လုပ်မှုအပြင် အခြားသော စိုက်ပျိုးရေးထုတ်ကုန်များ ၊ အထူးသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အော်ဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်ရေးအတွက် နည်းပညာများ ပံ့ပိုးပေးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးတို့အတွက် နည်းလမ်းများ ရှာဖွေရေးတို့ကို အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။

ဇွန် ၆ ရက်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ထံသို့  မြန်မာနိုင်ငံ

တွင် ရောက်ရှိနေသည့်  ဂျပန်ကာကွယ်ရေးဝန်ကြီး Gen Nakatani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ၊ဥရောပသမဂ္ဂ စစ်ဖက်ဆိုင်ရာ ကော်မတီဥက္ကဌ General Mikhail Kostarakos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ လာ ရောက်တွေ့ဆုံခဲ့ ပြီး ဇွန် ၁၂ ရက်က တူရကီ နိုင်ငံခြားရေးဝန်ကြီးမာလက်ကာဘူတိုကလူး လာရောက်တွေ့ဆုံခဲ့သည်။

RT