၂၀၁၆ခုနှစ် ဆာဗီးယား”တရုတ်ရုပ်ရှင်သီတင်းပတ်” ဖွင့်လှစ်

2016-06-17 16:03:40 |သတင်းအရင်းအမြစ် 中华网

  ဒေသစံတော်ချိန် ဇွန်လ ၁၆ရက်နေ့က ဆာဗီးယားနိုင်ငံ ဘဲဂရိတ်မြို့တော်၌ ဆာဗီးယား “တရုတ်ရုပ်ရှင်သီတင်းပတ်လှုပ်ရှားမှု” ကို ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခဲ့ကြောင်း၊ To The Fore နှင့် The Mermaid စသော တရုတ် လူကြိုက်များသည့်ရုပ်ရှင်များကို ရှေ့ဆင့်နောက်ဆက် ပြသမည်ဖြစ်ကြောင်း၊စီအာအိုင်သတင်းအရသိရပါသည်။ ယခုအကြိမ်ရုပ်ရှင်သီတင်းပတ်ပြင်ဆင်ရာတွင် စီအာအိုင်သည် တရုတ် နှင့် ဆာဗီးယား ဘာသာပြန်လုပ်ငန်းအမြောက်အများကို ဆောင်ရွက်ခဲ့ပါသည်။ စီအာအိုင်ဌာနမှူး ဒုဝန်ကြီး ဝမ်ကင်းဥာဏ်က တရုတ် နှင့် ဆာဗီးယား နှစ်နိုင်ငံအကြား ကောင်းမွန်သော အစဉ်အလာ ရုပ်ရှင်ကူးလူးဖလှယ်မှုရှိကြောင်း၊ တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်၏ ဆာဗီးယား ခရီးစဉ်အတွင်း “တရုတ်ရုပ်ရှင်သီတင်းပတ်လှုပ်ရှားမှု” ကျင်းပခြင်းသည် ရုပ်ရှင်ကို ပေါင်းကူးတံတားအဖြစ်ဖြင့် တရုတ်နှင့်ဆာဗီးယားနှစ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းဆောင်ရွက်သူ များအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး နှစ်နိုင်ငံပြည်သူများအကြား သိရှိနားလည်မှု နှင့် ချစ်ကြည်မှုကို တဆင့်တိုးပွားလာစေရန် မျှော်လင့်ကြောင်း၊ ပြောကြားခဲ့ပါသည်။