တရုတ်ထိပ်သီးခေါင်းဆောင်၏ ပထမဆုံးအကြိမ် ချက်ခရီးစဉ်ပြီးဆုံးသွားသည့် ၃ လအတွင်း တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဆာဗီးယားနှင့် ပိုလန်နိုင်ငံ၌ တရားဝင်ခရီးလှည့်လည်ရန် အရှေ့အလယ်ဥရောပနိုင်ငံများသို့ ပြန်လည်ခရီးထွက်ခွာသွားသည်။ ယခုအကြိမ်ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာသည် ၁၇ ရက်နေ့တွင် တရုတ်-အရှေ့အလယ်ဥရောပ ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးမည် ဟူသောခေါင်းစဉ်ဖြင့် ဆောင်ပါးတစ်ပုဒ်ကို ထုတ်ပြန်ခဲ့ရာ၌ မှတ်တိုင်ကျသော ခရီးစဉ်တစ်ခု စတင်တော့မည်ဖြစ်ကြောင်း၊ အစဉ်အလာချစ်ကြည်မှုကို ခိုင်မြဲစေရေး၊ အနှစ်သာရရှိသော ပူးပေါင်းဆောင်မှုကို နက်ရှိုင်းစေရေးနှင့် ဖွံ့ဖြိုးရေးရလဒ်များကို အတူတကွ မျှဝေခံစားရေးတို့ဖြင့် တရုတ်-အရှေ့အလယ်ဥရောပ ဆက်ဆံမှုသည် အခန်းကဏ္ဍသစ်သို့ ဖွင့်လှစ်နေကြောင်း ရေးသားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။