အသက် ၂၄ နှစ်အရွယ် ပြင်သစ်နိုင်ငံသားတစ်ဦးက ၂၀၁၄ မှစတင်ပြီး ရေလမ်းကြောင်းဖြင့် ကမ္ဘာပတ်ခရီးစဉ်ကို သူ၏ ကြက်မလေးနှင့်အတူစတင်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ ရေကြောင်းဖြင့်ကမ္ဘာပတ်ကြသူများက ကျွမ်းကျင်ပညာရှင် တစ်ဦးဦးနှင့်ခရီးဆက်ဖြစ်မည်ဟုမျှော်လင့်သော်လည်း Guirec Soudee သည်ကြက်မတစ်ကောင်ကို သာသူ၏အဖော် အဖြစ်ရွေးချယ်ခဲ့သည်။နေရီကျွန်းစုတွင် ပထမအကြိမ် ကြက်မလေး Monique ကိုတွေ့လိုက်ရသည်နှင့် နှစ်သက်ခဲ့သည် ဟုအဆိုပါအမျိုးသားကပြောသည်။ခရီးတစ်လျှောက် Monique က Guirec Soudee အတွက် အစားအစာအဖြစ် လတ်ဆတ်သည့် ကြက်ဥများကိုလည်း ဥဥပေးသေးသည်။ ယခုတွင် ၄င်းတို့သည် ကာရေဘီယန်ဒေသနှင့် ဂရင်းလန်း တို့ကိုသွားရောက်ပြီးပြီဖြစ်ပြီး နောက်တစ်နေရာသွားရောက်ရန်စီစဉ်နေသည်ဟုလည်းသိရသည်။
Ref: Xinhua