Microsoft မှဆေးခြောက်ရောင်းဝယ်မှုကိုခြေရာခံနိုင် ရန်ကူညီမည်

2016-06-20 09:52:39 |သတင်းအရင်းအမြစ် 中华网

Microsoft  သည် ကယ်လီဖိုးနီးယားအခြေစိုက် Kind Financial နှင့်ပူးပေါင်း ၍ (From seed to sale)အစေ့အဆံမှတဆင့် ဖြန့်ဖြူးရောင်းချခြင်းကို ခြေရာခံလုပ်ဆောင်နိုင်ရန် ဆန္ဒရှိနေပြီး ၄င်းလုပ်ငန်းနှင့် ဒေသခံအစိုးရအဖွဲ့အစည်းကိုကူညီပေးသွားနိုင်ရန်လုပ်ဆောင်သွားနိုင်မည်ဟုမျှော်လင့်ထားသည်။Microsoft အနေဖြင့်ပထမအကြိမ် အဖြစ် ထိုကဲ့သို့သောပူးပေါင်းဆောင်ရွက်မှုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ Kind Financial ကပြီးခဲ့သည့် သုံးနှစ်ကတည်းက အခြားလုပ်ငန်းများနှင့် အစိုးရအဖွဲ့အစည်းများသို့ ဆေးခြောက်ခြေရာခံသည့် ဆောဖ်ဝဲလ်ကိုရောင်းချခဲ့သည်။နောက်ပိုင်းတွင်  Microsoftမှာ  အစိုးရနှင့်သက်ဆိုင်သည့် Cloud စနစ်တွင် အဆိုပါ ဆောဖ်ဝဲလ်ကို လုပ်ဆောင်နိုင်ရန် စီစဉ်ထားသည်။ Kind ကထုတ်လုပ်သည့် ဆော့စ်ဖ်ဝဲလ်ကို  “Agrisoft Seed to Sale” ဟုခေါ်တွင်ပြီး မီဒီယာများကလည်း ထိုဆော့ဖ်ဝဲလ်သည် ဆေးခြောက်နှင့်ပတ်သက်ဆက်စပ်သည့် လုပ်ငန်းများ၊ ထိုအဖွဲ့အစည်းများနှင့် ဘဏ္ဍာရေးငွေကြေးဆိုင်ရာအဖွဲ့အစည်းများအကြားဆက်သွယ်ရေးလိုင်းများကိုပါစောင့်ကြည့်နိုင်သည်ဟု ဖော်ပြခဲ့ကြသည်။Microsoft ၏တာဝန်ရှိသူပြောကြားချက်များအရ Kind Financial သည် ၄င်းတို့၏ government cloud တွင် ညွန်ကြားချက်များကိုရေးဆွဲနေပြီဖြစ်သည်ဟု ဆိုသည်။

Reference : BBC Chinese