ရှန်ဟိုင်း ဒစ္စနေးလန်း အပန်းဖြေစခန်းကို ဇွန်လ ၁၆ ရက်တွင်တရားဝင်ဖွင့်လှစ်ခဲ့သည်။ ထိုအပန်းဖြေစခန်းမှာ ၁၉၅၅ ခုနှစ် ဇူလိုင်လ မှစတင်၍ ပထမဦးဆုံးသောဒစ္စနေးလန်းအပန်းဖြေစခန်း ဖွင့်လှစ်ပြီး နောက် ယနေ့အထိ တစ်ကမ္ဘာလုံးတွင် ကယ်လီဖိုးနီးယား ဒစ္စနေးလန်း အပန်းဖြေစခန်း၊ အော်လန်ဒိုတွင် ဝေါ့ဒစ္စနေးလ်၊ တိုကျို ဒစ္စနေးလန်းအပန်းဖြေစခန်း၊ ပါလီ် ဒစ္စနေးလန်းအပန်းဖြေစခန်း၊ ဟောင်ကောင် ဒစ္စနေးလန်း အပန်းဖြေစခန်း၊ ရှန်ဟိုင်း ဒစ္စနေးလန်းအပန်းဖြေစခန်း ဆိုကာ ဒစ္စနေးလန်း အပန်းဖြေစခန်း ၆ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
ဒစ္စနေးလ် ၏ အပန်းဖြေစရာများက ပုံပြင်များထဲမှ ဇာတ်ကောင်များ၊ နောက်ခံရှုခင်းများနှင့် မတူတူအောင် ဖန်တီးထားသဖြင့် ကိုယ်ငယ်ငယ်က ကြည့်ထားသောပုံပြင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားမှာက အသေအချာပင်ဖြစ်သည်။ ကမ္ဘာ့နေရာအနှံ့ ဒစ္စနေးလန်းရှိ စိတ်ဝင်စားဖွယ်ကောင်းသော နေရာတစ်ချို့ကို ဤနေရာမှ မိတ်ဆက်ပေးပါရစေ။ ကိုယ်ကြည့်ထားတဲ့ ဇာတ်လမ်းလေးတွေ၊ ဇာတ်ကောင်တွေ၊ ကိုယ်နားရည်ဝနေတဲ့ သီချင်းလေးများက ကိုယ်ငယ်ဘ၀ကိုပြန်လည် အောက်မေ့နိုင်မည်ဖြစ်သည်။
ကယ်လီဖိုးနီးယား ဒစ္စနေးလန်းရှိ ရေသူမလေး၏ ရေအောက်ကမ္ဘာ
၁၉၈၉ ခုနှစ် ဒစ္စနေးလ်မှ ရိုက်ကူးခဲ့သည့် The Little Mermaid ကိုအခြေခံ၍ ဖန်းတီးခဲ့ခြင်းဖြစ်သည်။ ဗစ်တိုးရီးယားခေတ်ပုံစံနန်းတော် နှင့် ခရုံခွံပုံစံ ကေဘယ်လ်ရထားကိုစီးပြီး လာရောက်လည်ပတ်သူများအနေဖြင့် ၅ မိနစ်ကြာ ရေသူမလေး၏ ရေအောက်ကမ္ဘာကို သွားရောက်လေ့လာနိုင်မည်ဖြစ်သည်။ ပိတ်ကားထဲမှ မြင်ရသည့် ရှခင်းများကို လက်တွေ့ခံစားနိုင်ပြီး ဧရီရယ်လေးနှင့် မင်းသား အဲလစ်အပြင်အခြားဇာတ်ကောင်တို့ လည်ပတ်သူများရှေ့တွင်အသီးသီးထွက်ပေါ်လာမည်ဖြစ်သည်။
မင်းသမီးလေး စနိုးဝှိုက်နှင့် လူပုလေး ခုနှစ်ယောက်
ရှန်ဟိုင်း ဒစ္စနေးလ် နှင့် တိုကျို ဒစ္စနေးလ် တို့တွင် မင်းသမီးလေး စနိုးဝှိုက်နှင့် လူပုလေး ခုနှစ်ယောက်ကို သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ တိုကျိုတွင် စနိုးဝှိုက် ကမ္ဘာထဲသို့ ၀င်ရောက်နိုင်ပြီး စနိုးဝှိုက်နှင့် လူပုလေးတို့ကို အနီးကပ်တွေ့ထိနိုင်ပါသည်။ ရှန်ဟိုင်း ဒစ္စနေးလ် မှာတော့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ roller coaster ကို လူပုလေး ခုနှစ်ယောက်၏မိုင်းရထား အဖြစ်စီးရမည်ဖြစ်ပြီး မိုင်းတွင်းရှိ တောတောင်အတွေ့အကြုံကိုခံစားရမည် ဖြစ်သည်။
Toy Story
တိုကျိုဒစ္စနေးလ် နှင့် အော်လန်ဒို ဒစ္စနေးလ် တို့တွင် Toy Story Midway Mania ရှိသည်။ တိုကျိုဒစ္စနေးလ်တွင် Toy Story Midway Mania မှာ Woody ၏ပါးစပ်ထဲမှဝင်သွားပြီး Andyရဲ့ အခန်းသို့ ရောက်သွားမည်ဖြစ်သည်။ထိုဇာတ်ကောင်များကို တွေ့နိုင်ပြီး Toy Story ကမ္ဘာထဲရောက်ရှိသွားသကဲ့သို့ခံစားရမည်ဖြစ်သည်။ ထို့နောက် 3D မျက်မှန်ဖြင့် ဖန်းတီးထားသည့်ကားလေးကို စီးကာ ကစားနည်းမျိုးစုံကိုဆော့ကစားနိုင်မည်ဖြစ်သည်။
Buzz Lightyear
ရှန်ဟိုင်း၊တိုကျို၊ ဟောင်ကောင် ဒစ္စနေးလ်တို့ရှိ Buzz Lightyear နေရာများတွင်
Buzz Lightyear မှ အာကာသတပ်သားများကို ဦးဆောင်ပြီး အာကာသ တိုက်သင်္ဘောကြီးကို စီးသွားမည့် စွန့်စားခရီးစဉ်လေးပင်ဖြစ်သည်။ လာရောက်လည်ပတ်သူများက ရောင်ခြည်သေ နတ်များကိုင်ဆောင်ပြီး Buzz Lightyear နှင့်အတူ ဂြိုလ်သားများ ကိုသွားရောက် တိုက်ခိုက်နိုင်သည်။
အဲလစ်လေး၏အိမ်မက်
ပါရီ၊ တိုကျို နှင့် ဟောင်ကောင် ဒစ္စနေးလ် တို့တွင် Mad Tea Party ကိုဆင်နွှဲနိုင်ပါသည်။ အမေရိကန်၊ ပါရီ ဒစ္စနေးလ်တွင် အဲလစ်လေးအိမ်မက်ထဲက ပန်းခြံကိုတွေ့နိုင်မည်ဖြစ်သည်။ ရှန်ဟိုင်း တွင်တော့ ၂၀၁၀ ခုနှစ်ကရိုက်ကူးခဲ့သည့် Alice in Wonderland ဇာတ်ကား၏ရှုခင်းမျိုးကို သုံးကာ တည်ဆောက်ထားသည်။ လာရောက်လည်ပတ်သူတို့က လည်နေသော ဧရာမခွက်ထဲထိုင်စီးပြီး အလည်တွင်ရှိသော ခရားအိုးကြီးထဲမှ ကြွက်ကလေးက မကြာမကြာထွက်လာပြီး ခိုးခိုးကြည့်သည့် အတွေ့အကြုံကို ခံစားရမည်ဖြစ်သည်။
Captain Jack
ရှန်ဟိုင်း ၊ ကယ်လီဖိုးနီးယား၊ ပါရီ နှင့် တိုကျို ဒစ္စနေးလ် တို့တွင် ခံစားနိုင်မည့် Pirates of the Caribbean တွင် လာရောက်လည်ပတ်သူတို့က Captain Jack နှင့်အတူလိုက်ပါပြီး ရင်ခုန်ဖွယ် ခရီးစဉ်ကိုစတင်နိုင်ပါသည်။ ကစားနည်းတွင် လှေတစ်စင်းကိုစီးပြီး မြေအောက်ရေလမ်းအတိုင်းလိုက်သွားကာ သေနတ်သံများ၊ ရေမှုန်များ၊ ပင်လယ်ဓားပြတွေ၏ အသံများနှင့် Pirates of the Caribbean ကမ္ဘာထဲသို့ ရောက်သွားသလို ခံစားရမည်ဖြစ်သည်။
ဒေါက်တာအင်ဒီယားနားဂျုံးစ်
ပါရီ၊ ကယ်လီဖိုးနီးယား၊ တိုကျို ဒစ္စနေးလ် တို့တွင် ဒေါက်တာအင်ဒီယားနားဂျုံးစ် ၏ စွန့်စားခရီးစဉ်ကိုသွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။ မိုင်းတွင်းသုံးရထားပုံစံဖန်တီးထားသည့် roller coaster စီးကာ ဒေါက်တာဂျုံးစ် နှင့်အတူ ဇာတ်လမ်းထဲက အတိုင်း မှောင်မိုက်သင်္ချိုင်းဂူထဲဝင်ကာ ဧရာမမြွေဟောက်များကိုရှောင်၊ ရေတံခွန်ငယ်များကို ကျော်ဖြတ်ကာ ကိုယ်ကိုယ်တိုင် ဇာတ်ကောင်ပမာစွန့်စားရမည်ဖြစ်သဖြင့် အင်မတန်စိတ်ဝင်စားဖွယ်ကောင်းသည်။
Star Wars
ဟောင်ကောင်၊ ကယ်လီဖိုးနီးယား ဒစ္စနေးလ်တွင် Jedi ၏လေ့ကျင့်ရေး ကိုကစားရ မည်ဖြစ်သည်။ ပါရီနှင့် ဟောင်ကောင်တွင်တော့ Hyperspace Mountain ကို ကစားနိုင်သေးသည်။
အဓိကအားဖြင့် Star Wars အတွက် ကစားရာတွင် တစ်မျိုးက လေ့ကျင့်ရေးဖြစ်ပြီး ကလေးများက Star Wars ထဲတွင် လေ့ကျင့်ထားသည့် တပ်သားလေးများ အတိုင်း ဖြစ်အောင်လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး၊ နောက်တစ်မျိုးက အာကာသတောင်ကုန်း များကိုဖြတ်သန်းကာ Star Wars ရဲ့ စစ်မြေပြင်တွင်ရောက်ရှိသွားမည်ဖြစ်ပြီး Star Wars ကို ဆင်နွှဲရမည်ဖြစ်သည်။ Star Wars: The Force Awakens ထဲက ဒုံးပျံများက မှောင်မည်းနေသည် အာကာသတွင် အဆက်မပျက်ထွက်ပေါ်လာပြီး အရှိန်နှင့်ရှောင်လိုက်၊ ငုပ်လိုက်၊ လှည့်လိုက် နှင့် ရောင်ခြည်သေနတ်များက ကိုယ်ဘေးကနေဖြတ်သွားလိုက် နှင့် နဂါးငွေ့တန်းထဲရောက်သွားသလိုလို ခံစားရမည်ဖြစ်သည်။
Winnie the Pooh
Nemo
ငါးရုပ်ဆိုးလေး Nemo ကိုမှတ်ကြည့်ကြပါသေးလား။ ကယ်လီဖိုးနီးယား ဒစ္စနေးလန်းတွင် Nemo လေးကိုရှာဖွေခြင်း ဆိုတဲ့ခရီးစဉ်၌ အ၀ါရောင်ရေငုပ်သင်္ဘောနှင့်လိုက်ပါပြီး ရေအောက်တွင် ငါးလေး Nemo သွားရှာရင်းဖြင့် သင်္ဘောရဲ့ပြတင်းပေါက်လေးမှ တစ်ဆင့် ထူးဆန်းသည့် ရေအောက် ကမ္ဘာကိုလေ့လာနိုင်မည်ဖြစ်သည်။
Ref: China Daily