အီဂျစ်ပြည်၏ပျောက်ဆုံးနေသည့်ဒဏ္ဍရီမြို့တော်

2016-06-20 10:10:14 |သတင်းအရင်းအမြစ် 中华网

အီဂျစ်ပြည်၏ ထူးခြားဆန်းကြယ်သောမြို့ကြီးနှစ်မြို့သည် ၁၉၉၆နှစ်မတိုင်ခင်အထိပျောက်ဆုံးနေခဲ့ သည်။ သို့သော်ပြင်သစ်ရှေးဟောင်းသုတေသနပညာရှင်ဖရန့်ဂါဒီယိုမှရေအောက်တွင်ထိုမြို့ကြီး နှစ်မြို့ကိုရှာဖွေတွေ့ရှိခဲ့သည်။  Thonis-Heracleion အမည်ရှိထိုမြို့သည် ရေအောက်တွင် နှစ်ပေါင်း ၁၀၀၀နီးပါးခန့်နစ်မြုပ်နေခဲ့သည်။ငါးတို့သည်ပျက်စီးနေသည့်ဘုရားကျောင်းရှိအရုပ်စာကြားရှိရေညှိရေမှော်ကြားတွင်အခိုင်အမာအသိုက်ဖွဲ့ကာနေထိုင်နေကြသည်။ဘုရားသခင် နှင့်ဘုရင်တို့၏ ထိုင်နေ သည့်ရုပ်ထုပေါ်တွင်နုံးများတင်နေပြီးတန်ခိုးအာဏာမဲ့နေသည်။ထို့အတူအဆိုပါရုပ်တုများမှာကမ္ဘာ မြေပေါ်မှတဖြည်းဖြည်းပျောက်ကွယ်လုနီးပါးဖြစ်နေသည်။ ဖရန့်ဂါဒီယိုသည် Thonis-Heracleion မြို့နှင့်၎င်းမြို့အနီးအနားရှိ Canopuမြို့ အားစစ်တမ်းကောက်ရန်အတွက် နှစ်ကာလကြာမြင့်စွာအချိန် ပေးခဲ့ရသည်။Canopuမြို့သည်၁၉၉၃ခုနှစ်တွင်ဗြိတိန်RAFလေယာဉ်မောင်းသူမှစတင်သတိပြုမိခဲ့ခြင်း ဖြစ်သည်။ပြတိုက်မှူး Aurelia Masson-Berghoff၏ပြောကြားချက်အရ  အီဂျစ်ပြည်၏ပျောက်ဆုံးနေ သည့်မြို့တော်(Sunken Cities) ကိုမေလ၁၉ရက်နေ့တွင်ဖွင့်လှစ်ခဲ့သည်ဟုသိရသည်။ထိုပြပွဲသည် ရှေးဟောင်းသုတေသနရဲ့ကြီးမြတ်နက်နဲသောအရာကိုဖွင့်လှစ်ဖော်ပြနိုင်ခဲ့ခြင်းဖြစ်သည်။ဂရိသမိုင်းနှင့်အီဂျစ်ဒီဂရီအရ ဂရိဒဏ္ဍရီမြို့တော်အဖြစ်ခေါ်သော"(Thonis-Heracleion and Canopus) မြို့ကြီးနှစ်မြို့ဘယ်နေရာမှာရှိသလဲဆိုတာကိုသိနိုင်ပြီဖြစ်သည်။