လက်မောင်းမရှိတာ ပြဿနာမဟုတ်ပါ

2016-06-20 10:15:28 |သတင်းအရင်းအမြစ် 中华网

လက်မောင်းနှစ်ဖက်စလုံးပါမလာသော အမျိုးသမီးငယ်လေးတစ်ဦး မှာအံ့သြဖွယ်ကောင်းလှသော အရည်အချင်းများနှင့် ပြည့်စုံနေပါသည်။ သူမ၏ ခြေအစုံကိုအသုံးပြုကာ အလုံးစုံသော ကိစ္စများကို လုပ်ဆောင်နိုင်ရုံသာမက အထည်များကိုပန်းပွင့်ထိုးခြင်းကိုလည်းလုပ်ဆောင်နိုင်ပါသည်။

တရုတ်ပြည် အနောက်မြောက်ပိုင်း စန်ရှီးပြည်နယ်မှ ယမ်ဖေ့လေးမှာ သူမအသက် ၉နှစ်အရွယ်တွင် ဗို့အားပြင်းထန်လှသော ၀ါယာကြိုးနှင့်မတော်တဆရိုက်ခတ်မိသောကြောင့် သူမ၏လက်နှစ်ဖက် စလုံးကိုလက်မောင်းရင်းမှ စကာ စတေးခဲ့လိုက်ရသည်။

ယမ်လေးမှာ စိတ်ကျရောဂါခံစားခဲ့ရပြီး စိတ်ဓာတ်ပြန်လည်ရှင်သန်လာစေရန်အတွက် သူမ၏ မိသားစုများ ၀ိုင်းဝန်းကာတည်ဆောက်ပေးခဲ့ရသည်။

ပထမဦးစွာ ယမ်လေးကို ခြေထောက်အသုံးပြုကာ သွားတိုက်ခြင်း၊ ဆံပင်ဖြီးခြင်း၊ လက်သည်းညှပ်ခြင်း အစရှိသည်တို့ကို လေ့ကျင့်ပေးခဲ့ရသည်။ ယခုဆိုလျှင်သူမသည်အံ့သြလောက်အောင်ထူးချွန်ကာ ပန်းထိုးထည်များကို ချုပ်လုပ်နိုင်ခဲ့သလို သူမ အသက် ၁၅နှစ်အရွယ်မှစတင်ကာ ထိုးနိုင်ခဲ့ခြင်း လည်းဖြစ်သည်။

ယမ်လေးမှာ အခုဆိုလျှင်သူမ၏ အနာဂတ်ကိုကောင်းစွာ တည်ဆောက်နိုင်ရုံသာမက ပန်းထိုးခြင်းဖြင့် ရရှိထားသော ၀င်ငွေများမှသူမ၏မောင်လေးကို ကောလိပ်ကျောင်းထားပေးနိုင်ပြီဖြစ်သည်။

ယမ်လေး၏ ဇာတ်လမ်းလေးကို သိရှိလာသူများလာပြီး သူမကို စီးပွားရေးလုပ်ကိုင်ရန်အတွက် ကမ်းလှမ်းခြင်းကိုလည်း ရရှိနေပြီဟုဆိုသည်။