ယမန်နေ့ ၁၇ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ဘဲဂရိတ် မြို့တော်၌ ဆာဗီးယားနိုင်ငံသမ္မတ နီကိုလစ်ခ်နှင့် တွေ့ဆုံခဲ့ရာ၊ နှစ်ဖက်တို့ အတူတကွ အရေးထားကြသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကျယ်ပြန်သော အပြင်ချင်း ဖလှယ်ခဲ့ ကြကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြသည်။
ရှီကျင့်ဖိန်က၊ တရုတ်နှင့် ဆာဗီးယားတို့အကြား အစဉ်အလာရိုးရာချစ်ကြည်ရေးရှိပြီး ထဝရမိတ်ဆွေများဖြစ်ကြောင်း၊ တရုတ်နှင့်ဆာဗီးယားအကြား လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများစွာရှိသကဲ့သို့၊ လူမှုရေးနှင့် ယဉ်ကျေးမှုကူးလူးဖလှယ်ရေးလည်း များစွာ ရှိကြောင်း ပြောကြားခဲ့သည်။
နီကိုလစ်ခ်ကလည်း၊ တရုတ်ပြည်ရရှိခဲ့သည့်အောင်မြင်မှုများအပေါ် တန်ဖိုးထား ချီးကျူး ရုံသာမက၊ တရုတ်နှင့် လက်တွဲ၍ နှစ်နိုင်ငံဆက်ဆံမှုအဆင့်သစ်သို့ တွန်းအားပေးမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။