ရှီကျင့်ဖိန်နှင့် နီကိုလစ်ခ်ျ တွေ့ဆုံဆွေးနွေး၊ တရုတ်-ဆာဗီးယား ဘက်စုံမဟာဗျူဟာ မိတ

2016-06-20 11:24:14 |သတင်းအရင်းအမြစ် 中华网

 ၁၈ရက်နေ့က ဆာဗီးယား နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်နေသော တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဘဲဂရိတ်မြို့တော်တွင် ဆာဗီးယား သမ္မတ နီကိုလစ်ခ်ျနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခေါင်းဆောင်နှစ်ဦးတို့သည် နှစ်နိုင်ငံ ဆက်ဆံမှုနှင့် အခြား အတူတကွ အာရုံစိုက်ကြသော အရေးကိစ္စနှင့် ပြဿနာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ပြီး ကျယ်ပြန့်သော သဘောတူညီမှု ရရှိခဲ့ကြကြောင်း၊ တရုတ်-ဆာဗီးယား ဆက်ဆံမှုကို ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်ပြီး နှစ်နိုင်ငံ ဆက်ဆံမှု အဆင့်သစ်သို့ ရောက်ရှိရန် ခေါင်းဆောင်နှစ်ဦးတို့က တညီတညွတ်တည်း ဆုံးဖြတ်ကြကြောင်း သိရသည်။