တရုတ်-ဆာဗီးယား ဆက်ဆံမှုကို ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်လာခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံတကာ ရေးရာ သုတေသန အကယ်ဒမီ ဥရောပ ရေးရာ သုတေသန ဌာန ဌာနမှူး ဆွေဟုန်ကျန့်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးသည် တရုတ်ပြည်နှင့် အခြားနိုင်ငံများအကြားရှိ မိတ်ဖက်ဆက်ဆံရေးမျိုးတွင် အဆင့်အမြင့်ဆုံး ဆက်ဆံရေးမျိုး ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းသည် တရုတ်နှင့် ဆာဗီးယား နှစ်နိုင်ငံတို့ အနေနှင့် အနာဂတ် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ယုံကြည်မှု အပြည့်အဝရှိခြင်းကို ပြဆိုနေကြောင်း ပြောကြားသည်။