၁၈ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဘဲဂရိတ်မြို့တွင် ဆာဗီးယား ဝန်ကြီးချုပ် ဗူချီခ်ျနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်နှင့် ဆာဗီးယားနှစ်နိုင်ငံ သည် အပြန်အလှန် ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်းဖြစ်သကဲ့သို့ အရေးကြီး ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်လည်း ဖြစ်ကြောင်း၊ မကြာမီ နှစ်များက နှစ်နိုင်ငံ အဆင့်မြင့် ကူးလူးဖလှယ်မှု နွေးထွေးပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း အလေးထား ပြောကြားသည်။
ဝန်ကြီးချုပ် ဗူချီခ်ျက ဆာဗီးယား-တရုတ် အစဉ်အလာ ချစ်ကြည်မှု၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံ ဇောက်ချပြုလုပ်ရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီ ကြောင်းပြောကြားသည်။