ရှီကျင့်ဖိန်နှင့် ဆာဗီးယား အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဂိုအီကိုဗစ်ခ်ျ တွေ့ဆုံနှုတ်ဆက်

2016-06-20 11:48:49 |သတင်းအရင်းအမြစ် 中华网

 ၁၈ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဘဲဂရိတ်မြို့တွင် ဆာဗီးယား အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဂိုအီကိုဗစ်ခ်ျနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

    ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဥပဒေပြုရေး လုပ်ငန်းဌာနချင်း ကူးလူးဖလှယ်ရေးသည် တရုတ်-ဆာဗီးယား ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးတွင် အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း၊ မကြာမီနှစ်များက နှစ်နိုင်ငံ ဥပဒေပြုရေး လုပ်ငန်းဌာနများ အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ နွေးထွေးစွာ ပြုလုပ်ရာ အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ပြောကြားသည်။

    ဂိုအီကိုဗစ်ခ်ျက ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ဆာဗီးယား ခရီးစဉ်သည် ဆာဗီးယား-တရုတ် အစဉ်အလာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အဆင့်သစ် သို့ရောက်ရှိရန် တွန်းအားပေးလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။