၁၈ရက်နေ့ နံနက်ပိုင်းက ဆာဗီးယား သမ္မတ နီကိုလစ်ခ်ျသည် ဘဲဂရိတ်မြို့တော်တွင် အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အတွက် ကြိုဆိုပွဲ အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဇနီးဖုန်လိယွမ်၊ ဝမ်ဟုနင်၊ လိကျန့်ရှူး၊ ယန်ကျယ်ချီစသည် တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။