တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပိုလန်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည် တော့မည်ဖြစ်ကြောင်း၊ ယင်းသည် လွန်ခဲ့သော ၁၂နှစ်အတွင်း တရုတ် ထိပ်သီးခေါင်း ဆောင်၏ပထမအကြိမ် ပိုလန် ခရီးစဉ် ဖြစ်ပြီး တရုတ်-ပိုလန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် မှတ်တိုင်တစ်ခု အဖြစ် အနက်အဓိပ္ပါယ်ရှိကြောင်း၊ အစိုးရနှင့် ပြည်သူများ အပါ အဝင် ပိုလန်နိုင်ငံ အလွှာပေါင်းစုံတို့သည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ် အပေါ် စောင့်မျှော် နေကြကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး ဘက်စုံ နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဆင့်တိုး တွန်းအားပေးရန် မျှော်လင့်ကြောင်း ဖော်ပြကြသည်။