ဒေသစံတော်ချိန် ၁၉ရက်နေ့ က တရုတ်နိုင်ငံတော် ဥက္ကဌ ရှီကျင့်ဖိန်သည် ပိုလန်နိုင်ငံ ဝါဆောမြို့တော်သို့ ရောက်ရှိပြီး ပိုလန်နိုင်ငံတွင် စတင်တရားဝင် ခရီးလှည့်လည်ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်သည် ပိုလန်ပြည်သူများအား စေတနာသန့်သန့်ဖြင့် နှုတ်ခွန်းဆက်သပြီး ကောင်းမွန်သော ဆုတောင်းမေတ္တာပို့လိုက်ခဲ့ပါသည်။ ၎င်းက ပိုလန်နိုင်ငံသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံကို အစောဆုံး အသိအမှတ်ပြုပြီး တရုတ်ပြည်နှင့် သံအဆက်အသွယ် ထားရှိခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်-ပိုလန် သံအဆက်အသွယ် ထားရှိခဲ့သော ၆၇နှစ်အတွင်း နှစ်နိုင်ငံအကြား တလျှောက်လုံး အပြန်အလှန် လေးစားပြီး တန်းတူ ညီမျှစွာ ပေါင်းသင်းဆက်ခံကြောင်း၊ ယခုနှစ်များအတွင်း နှစ်နိုင်ငံတို့သည် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို ထားရှိကြပြီး နယ်ပယ်အသီးသီးတွင် များစွာ ကူးလူးဖလှယ်၍ တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးနှင့် တရုတ်-ဥရောပ ဆက်ဆံရေးမူဘောင်အတွင်း ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ကြကြောင်း၊ တရုတ် အနေနှင့် ပိုလန်နှင့်ဆက်ဆံရေးကို အလေးထားကြောင်း၊ ဖော်ပြခဲ့ပါသည်။