တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင်သုတေသီများမှကြက်ဥသေတ္တာ၎သေတ္တာအားကားဘီးတစ်ဘီးစီး၏အောက်တွင်ထားရှိကာကြက်ဥ၏အံ့သြဖွယ်ရာခံနိုင်စွမ်းအားကိုပြသခဲ့သည်။ကြက်ဥသေတ္တာတစ်လုံးစီတွင်ကြက်ဥ၆၄လုံးစီပါရှိပြီးသေတ္တာတစ်ခုချင်းစီပေါ်တွင်မှန်ပြားတစ်ပြားစီဖုံးအုပ်ထားသည်။အဆိုပါ
ကြက်ဥများသည်ထိုလေးလံသည့်ကားကိုထောက်ပံ့ထားရသော်လည်းကြွေမွသွားခြင်းမရှိသည်ကိုအံ့သြဖွယ်တွေ့မြင်ရသည်။သုတေသီများမှလာရောက်ကြည့်ရှုကြသည့်ပရိတ်သတ်များအားကြက်ဥ၏ထူးခြားသည့်ဖွဲ့စည်းပုံကကား၏မြေထုဆွဲအားကိုတစ်နေရာထဲတွင်သက်ရောက်မနေဘဲအဘက်ဘက်သို့အားသက်ရောက်နေအောင်ကူညီပံ့ပိုးပေးကြောင်း၊ကြက်ဥသေတ္တာတစ်ခုချင်းစီသည်ကားအလေးချိန်နှင့်ညီမျှအောင်ရပ်တည်ပေးနိုင်ကြောင်းရှင်းလင်းခဲ့ကြသည်။