ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၁၆ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွ

2016-06-21 09:35:36 |သတင်းအရင်းအမြစ် 中华网




ရန်ကုန် ဇွန် ၂၀ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၁၆ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၉ရက် နေ့က လှည်းကူးမြို့နယ်ငမိုးရိပ်ဆည် ရေဝေရေလဲဒေသရှိ ရုပ်ရှင်အစည်းအရုံးပိုင်မြေနေရာတွင် ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများ၊ သတင်းမီဒီယာများ၊ ကျောင်းသားကျောင်းသူများ၊ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများ စုံလင်စွာတက်ရောက်ပြီး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကိုယ်စား အကယ်ဒမီ ဦးအောင်လွင် က ကျေးဇူးတင်စကားပြောကြားခဲ့သည်။အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ လူအင်အား ၂၀၀ ခန့် ပါဝင် စိုက်ပျိုးခဲ့ကြပြီး စုစုပေါင်း သစ်ပင် ၈၀၀၀ ကျော်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ယခုသစ်ပင်စိုက်ပျိုးသည့် မြေနေရာမှာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် မိုင် ၂၀ ခန့်ကွာဝေးသည့်နေရာတွင်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရုပ်ရှင်စတူဒီယိုတည်ဆောက်ရန်အတွက် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် သတ်မှတ်ချထားပေးခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။