မန္တလေး ဇွန် ၂၀
တရုတ်နိုင်ငံ Institute of Geology and Geophysics, Chinese Acedemy of Science ရဲ့ကူညီမှုဖြင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံမြေ ငလျင်ကော်မတီ၊မန္တလေးတက္ကသိုလ်
ဘူမိဗေဒဌာန တို့ပူးပေါင်းပြီး အိန္ဒိယမြန်မာနယ်စပ်မှ မြန်မာနိုင်ငံရှမ်းပြည်နယ်အရှေ့ပိုင်းအထိ ငလျင်တိုင်းစက် ၆၅ လုံး တပ်ဆင်သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။“ငလျင်
လှုပ်တော့မယ်ဆိုတာကို ကြိုသိနိုင်တယ်ဆိုတာမျိုးမဟုတ်ပါဘူး၊ ဒီသုတေသနက Long Time အတွက်လုပ်တာပါ၊ Tectonies ဖြစ်စဉ်ကိုတိုင်းတာပါ၊ အိန္ဒိယမြေထုချက်က မြန်မာနိုင်ငံမြေထု
ချက်အောက် ဘယ်လိုတိုးဝင်နေတယ်ဆိုတာကိုတိုင်းတာပါ၊ ဒီလိုသုတေသန လုပ်ခြင်းအားဖြင့် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားနိုင်မယ်၊ ဘယ်ကာလလောက်ကနေ ဘယ်ကာလလောက်မှာ ပြန်လှုပ်တတ်တယ်ဆိုတာသိရတော့ ကြိုတင်ပြင်ဆင်မှုလုပ်ထားနိုင်တာပေါ့” ဟု မြန်မာနိုင်ငံမြေ ငလျင်ကော်မတီအတွင်းရေးမှူးဒေါက်တာမျိုးသန့်ကပြောကြားသည်။
ငလျင်တိုင်းစက် Seismometer တပ်ဆင်ပြီး ငလျင်နှင့်ပတ်သက်သည့်သုတေသနလုပ်ငန်းကို ယခုနှစ်မေလ မှ ၂၀၁၇ မေလကုန်ပိုင်းအထိ တစ်နှစ်တာပြုလုပ်သွားမည်ဖြစ်ရာ လက်ရှိအချိန်တွင် အဖွဲ့ ၃ ခုဖြင့် မုံရွာ ဂန့်ဂေါ ကလေး နှင့် မန္တလေးမြို့တို့၌ ၄၅ လုံးတပ်ဆင်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
“တရုတ်ဘက်ကပဲစက်တွေကအစ အားလုံးကူညီပေးတာပါ၊ မြန်မာအစိုးရခွင့်ပြုချက်နဲ့ပညာရေး ၀န်ကြီးဌာန ရဲ့အစီအစဉ်ပါ၊ အဓိကပြောချင်တာက ဒီလုပ် ငန်းလုပ်တဲ့အခါမှာ တစ်ချို့ဒေသတွေ
ကြိုတင်သိ ရှိထား စေဖို့ပါ၊ ဘာအန္တရာယ်မှမရှိပါဘူး၊ တစ်ချို့ဒေသတွေမှာ ကျေးရွာဘုန်းကြီး
ကျောင်းတွေဆီအကူအ ညီတောင်းပြီးလုပ်တယ်၊ ဘုန်းကြီးကျောင်းတွေမှာမီးစက်နဲ့မီးထွန်း
တာတွေဘာတွေရှိနေရင်တော့ အိမ်တစ်အိမ်အိမ်ကိုခွင့်တောင်းပြီးတပ်ဆင်ရပါတယ်၊ ဒီလိုတပ်
ဆင်တဲ့အခါမှာ နားလည်မှုမလွဲမှားစေချင်လို့ ဘာမှအန္တရာယ်မရှိဘူး အစိုးရခွင့်ပြုချက်နဲ့လုပ်တာ
ပါဆိုတာကိုသိစေချင်လို့ပါ” ဟုလည်း ၄င်းက ဆက်ပြောသည်။
စုစုပေါင်း ၆၅ လုံးတပ်ဆင်မည်ဖြစ်ရာ ကျန်ရှိနေသေးသည့် အလုံး ၂၀ ကိုတော့ လာမည့်နိုဝင်ဘာ လအထိ ချင်းပြည်နယ် မကွေးတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။
သုတေသနဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံ Institute of Geology and Geophysics, Chinese Acedemy of Science မှ မြန်မာငွေ သိန်းနှစ်ရာကျော် ကူညီပေးထားကြောင်းလည်းသိရသည်။
ကျော်ထွေး