ရန်ကုန် ဇွန်၂၀
နိုင်ငံတော်၏အကြံပေးဒေါ်အောင်ဆန်းစုကြည်၏ထိုင်းခရီးစဉ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့လိုက်ပါမည်
ဖြစ်ရာထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ် ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာနှစ်နိုင်ငံသဘောတူ
စာချုပ်အသစ်ကို ရေးထိုးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားခဲ့သည်။
ဇွန်လ၂၃ရက်မှ၂၅ရက်အထိသွားရောက်မည့် ထိုင်းခရီးစဉ်တွင်အလုပ်သမားဝန်ကြီး
ဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်အမြဲတန်းအတွင်းဝန်တို့ပါလိုက်ပါသွားရမည်ဖြစ်ပြီး ထိုင်းအာဏ
ပိုင်များနှင့်တွေ့ဆုံမှုတွင် အလုပ်သမားစေလွှတ်ရေးနားလည်မှုစာချွှန်လွှာအသစ်ကို လက်မှတ်ရေး
ထိုးမည်ဖြစ်ကြောင်းသိရသည်။
“ထိုင်းခရီးစဉ်မှာ ဘာတွေစီစဉ်ထားလဲဆိုတာ သေချာမသိဘူး ဒါပေမဲ့ တို့အနေနဲ့သိတာ
ကတော့ အမ်အိုယူထိုး ဖို့ရှိတယ်။ အလုပ်သမားစေလွှတ်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ သဘောတူစာ ချုပ်ထိုးဖို့ရှိတယ်။ အဲ့ဒါရယ် အဂရိမန့်ရယ်နှစ်ခုကျန်သေးတယ။ မပြီးသေးဘူ။ အခုရေးထိုးမှာကစာချူပ်အသစ်။ အရင်ကစာချူပ်ထက်အချက်အလက်တွေပိုတိုးလာမယ်”ဟု ၎င်း ကပြောဆိုသည်။
လက်ရှိလုပ်သားစေလွှတ်နေသောMOUချုပ်မှာ၂၀၀၃ခုနှစ်ကရေးထိုးခဲခြင်းဖြစ်ပြီးခေတ်ကာလနှင့် ညီညွှတ်မှုမရှိတော့ကြောင်းနှင့်ယခုရေးထိုးမည့်နားလည် မှုစာချွှန်လွှာတွင်ငါးနှစ်ဆို
သည့်လစ်မစ်ပါရှိမည်ဖြစ်ပြီး Agreement တွင်လည်း နှစ်နှစ်ဟူသည့် ကန့်သတ်ချက်ရှိမည်
ဖြစ်ကြောင်း၊ ယခင်ကကာကွယ်စောင့်ရှောက်မှုအပိုင်းမပါခဲ့၍ ယခုMoUတွင်အလုပ်သမား
များ၏ကျွမ်း ကျင်မှုကိုအသိအမှတ်ပြုရန်နှင့် ကာကွယ်မှုပေးရမည့်အချက်များ၊ အုပ်ချုပ်မှုပိုင်း
ဆိုင်ရာအချက်များပါ ပါဝင်လာ မည်ဖြစ်ကြောင်းသိရသည်။
ဖြိုးဝေအောင်