ရန်ကုန် ဇွန် ၂၀
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်မူပေးရန် တင်ပြမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက်ရွေ့ပြောင်းအလုပ်
သမား အခွင့်အရေး ကွန်ရက်(MWRN) မှ သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၂၃ ရက် ညနေ ၄နာရီခွဲနှင့် ၆နာရီခွဲကြား တွင် ထိုင်းနိုင်ငံရှိ မဟာချိုင်မြို့ကို သွားရောက်မည် ဖြစ်သော
ကြောင့် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဖြစ်ပါက တင်ပြတောင်းဆိုမည့် အကြောင်းအရာကို MWRN ဥက္ကဌ ဦးစိန်ဌေးက ပြောကြားလာခြင်း ဖြစ်သည်။
'' အခုခရီးစဉ်တွေကိုစီစဉ်နေတာက နှစ်ဖက်အစိုးရဌာနတွေဆိုတော့ကျွန်တော်တို့က ဘယ်လိုတွေ့ရမလဲမသိသေးဘူး။ တွေ့ဖြစ်ရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ ဗီဇာကုန်ဆုံးသူများ အတွက်အထောက်အ ထားအသစ်ထုတ်ပေးရေးနဲ့ကာကွယ်စောင့်ရှောက်မှုပေးဖို့အတွက် ပြောဖြစ်ပါမယ်''ဟု ၎င်းကဆိုသည်။
ထိုင်းအာဏာပိုင်တချို့နှင့် သတင်းဌာနတချို့မှ သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်
သည် မြန်မာကလေးငယ်တချို့ ပညာသင်ကြားနေသည့် ၀ပ်ကမ်ဖလား အစိုးရစာသင်ကျောင်းကို သွားရောက်ကြည့်ရှုပြီးနောက် ထလေထိုင်းဟု ခေါ်သည့် ငါးပုစွန်ဈေးက ခန်းမတွင် မြန်မာနိုင်ငံ
သားအလုပ်သမားဦးရေ ၂၅၀၀ ခန့်ဖြင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရကြောင်း MWRN မှ သိရသည်။ စည်သူ