နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ထိုင်း ခရီးစဉ်အတွင်းမြန်မာရွှေ့ေ

2016-06-21 14:04:31 |သတင်းအရင်းအမြစ် 中华网

ရန်ကုန် ဇွန် ၂၀

          ဇွန်၂၃ မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်မည့်ဒေါ်အောင်ဆန်းစု

ကြည် ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံ မည်ဖြစ်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများသို့သွားရောက်ဖွယ်ရှိသည်

ဟုလည်း သိရသည်။

          အဆိုပါခရီးစဉ်အတွင်းမြန်မာရွှေ့ပြောင်းအလုပ်သမားများအနေအရေးကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ တင်ပြခွင်ရရှိမည်ဖြစ်သည်ဟု သိရသည်။ဇွန် ၂၀ ရက်ကထိုင်းနိုင်ငံ

ဆိုင်ရာမြန်မာသံအမတ် နှင့် မြန်မာအလုပ်သမားအရေးလုပ်ဆောင်နေတဲ့ အဖွဲ့ ၁၃ ဖွဲ့တွေ့ဆုံကာ

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မဟာချိုင်ခရီးစဉ်အကြောင်းအစည်းအ

ဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။

   “သံအမတ်နဲ့သွားတွေ့တဲ့သူတွေပြန်မလာသေးပါဘူး။ဘာတွေဆွေးနွေးဖြစ်လဲဆိုတာသူတို့ပြန်လာမှသိရမှာပါ။အခုကတော့ သွားမယ်သူတွေ အန္တရာယ်ကင်းအောင်တော့ အထောက်အထားအ

ပြည်အစုံပါအောင် သတိပေးထားတယ်။ဒီက သိပ်တွေ့ချင်နေကြတာ ။တင်ပြစရာတွေကလည်း အများကြီး။၂၀၁၂တုန်းကတစ်ခါလာပေမယ့်အခုလာတာနဲ့မတူဘူး။အရင်ကပြည်သူခေါင်းဆောင်၊အခုက နိုင်ငံတော်ခေါင်းဆောင်အနေနဲ့ပါဆိုတော့ ဒီကလူတွေက အရမ်းမျှော်လင့်နေကြတာ”ဟု မဟာချိုင်ရှိ လူမှုရေးအသင်းမှ ကိုအောင်ထွန်းစိုး ကဆိုသည်။ဇွန်လ၂၃ရက် ညနေ ၄နာရီခွဲမှ ၆နာရီခွဲအထိ၂နာရီကြာစမွတ်စာခွန်မဟာချိုင်ရှိထလေထိုင်းခန်းမကြီး၌ နိုင်ငံတော်အတိုင်ပင်ခံ

ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်  မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံမည်ဖြစ်ကြောင်းသိရ သည်။အဆိုပါ တွေ့ဆုံပွဲ၏လုံခြုံရေးအား ထိုင်းအာဏာပိုင်များက စီစဉ်ကိုင်တွယ်မည် ဖြစ်ပြီး ယခုရက်ပိုင်းမှစကာထိုင်နိုင်ငံဗန်ကောက်နှင့်ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည့်ဒေသများ၏လုံခြုံရေးအား  ယခင်ကထက်ပိုတင်းကျပ်ထားကြောင်းထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများထံမှသိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ယခုခရီးစဉ်အတွင်းထိုင်း-မြန်မာနယ်စပ်စစ်ပြေးဒုက္ခသည်စခန်းများသို့လာရောက်ရန်ရှိပြီးထားဝယ်ရေနက်ဆိပ်ကမ်းနှင့်  မြ၀တီဒေသခံများကတံတားနေ

ရာအတွက်ဖျက်ပေးရန်ငြင်းဆန်ကန့်ကွက်ထားသည့်ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂) စသည့် ကိစ္စရပ်များ ဆွေးနွေးသွားဖွယ်ရှိသည်ဟု သိရသည်။

ဖြိုးဝေအောင်