နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော အသက် ၇၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ကျွေးမွေးသော မွေးနေ့ကိတ်မုန့်များအား နိုင်ငံတော်သမ္မတရုံးဝန်ထမ်းများအား မျှဝေ ကျွေးမွေးခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အရ မွေးနေ့ကိတ်မုန့်အား သန့်ရှင်းရေးဝန်ထမ်းများ၊ ယာဉ်မောင်းများ စသည့် အောက်ခြေဝန်ထမ်းများ အပါအဝင် အမှုထမ်း၊ အရာထမ်းများအားလုံးသို့ မျှဝေပေးခဲ့ခြင်း ဖြစ်သည်။ယင်းဝန်ထမ်းများတွင် သမ္မတအိမ်တော်တွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံတော်သမ္မတရုံး ဝန်ထမ်းများသာမက ရုံးအမှတ်(၁၈)တွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံတော် သမ္မတရုံးဝန်ထမ်းများလည်း ပါဝင်သည်။နိုင်ငံတော်သမ္မတရုံး ဝန်ထမ်းများကလည်း မွေးနေ့ရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၁)နှစ်ပြည့် မွေးနေ့မှသည် နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများအကျိုးအား ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် ထမ်းဆောင်နိုင်ပါစေကြောင်း၊ ငြိမ်းချမ်းသာယာပြီး ခေတ်မီတိုးတက်သောီုမိုကရေစီဖက်ဒရယ် နိုင်ငံတော်သစ်သို့ ဦးဆောင် လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သခဲ့ကြသည်။