၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်ရန် မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ သဘေ

2016-06-21 14:27:17 |သတင်းအရင်းအမြစ် 中华网

ပြည်ထောင်စု မြန်မာနိုင်ငံ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီ အဆင့်မြင့်  အဖွဲ့ဝင် ဦးခင်ဇော်ဦးက၊ ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ ဝ နှင့် မိုင်းလားအဖွဲ့တို့ သည်၊ ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်ရန် သဘောတူကြပြီဖြစ်ကြောင်း ယမန်နေ့ ၂၀ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဦးခင်ဇော်ဦးက၊ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်၊ မြန်မာအရှေ.ပိုင်း မိုင်းလားမြို့သို့ သွားရောက်ပြီး၊  ဝ နှင့် မိုင်းလားအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ ၄င်းတို့က ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်ရန် သဘောတူကြကြောင်း ယမန်နေ့ ၂၀ ရက်နေ့က ပြောခဲ့သည်။