တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်သည် ၂၀ရက်နေ့က ဝါဆောမြို့တော်၌ ပိုလန် အထက်လွှတ်တော်ဥက္ကဌ ခါဇက်ဗ်စကီ၊ အောက်လွှတ်တော်ဥက္ကဌ ကူဟ်ဆင်စကီနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။ နှစ်နိုင်ငံဥပဒေပြုရေးလုပ်ငန်းဌာနအကြား ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုသည် နှစ်ဖက် ဆက်ဆံမှု၏ အရေးကြီးအစိတ်အပိုင်းဖြစ်သည့်အပြင် နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရေးကို တိုးပွားစေရန် အရေးကြီးနည်းလမ်းလည်းဖြစ်ကြောင်း၊ ရှီကျင့်ဖိန်က ပြောကြားခဲ့ပါသည်။ ပိုလန်အထက်နှင့်အောက်လွှတ်တော်တို့သည် ပိုလန်-တရုတ် ဆက်ဆံရေးကို အလွန် အလေးထားကြောင်း၊ တရုတ် ဥပဒေပြုရေးလုပ်ငန်းဌာနနှင့် အားဖြည့်ကူးလူးဖလှယ်လိုပြီး နှစ်နိုင်ငံ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဒေသန္တရနှင့် ခရီးသွားစသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ တွန်းအားပေးလိုကြောင်း၊ ခါဇက်ဗ်စကီနှင့် ကူဟ်ဆင်စကီတို့က ပြောကြားခဲ့ပါသည်။