ရှီကျင့်ဖိန်က ပိုလန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

2016-06-21 15:12:31 |သတင်းအရင်းအမြစ် 中华网

  တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်သည် ၂၀ရက်နေ့က ဝါဆောမြို့တော်၌ ပိုလန် ဝန်ကြီးချုပ် စီဒ်လိုနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

    တရုတ်-ပိုလန် ချစ်ကြည်ရေးသမိုင်းကြာရှည်ကြောင်း၊ သံတမန် အဆက်အသွယ် ထားရှိခဲ့သည့်နောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာနေ၍ အထူးသဖြင့် ယခုနှစ်များအတွင်း ရှင်သန်အားကောင်းလာကြောင်း၊ မိမိသည် သမ္မတ ဒူဒါ နှင့်အတူ တရုတ်-ပိုလန်ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအထိ တိုးမြှင့်ကြောင်း၊ နှစ်ဖက်တို့သည် လက်တွဲကြပြီး တရုတ်-ပိုလန် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့၍ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့ ရောက်ရှိရန် လက်တွဲ တိုးတွန်းအားပေးသင့် ကြောင်း၊ ရှီကျင့်ဖိန်က ပြောကြားခဲ့ပါသည်။

    ပိုလန်အစိုးရအနေနှင့် ရှီကျင့်ဖိန်၏ပိုလန်ခရီးစဉ်ကို အလွန်အလေးထားကြောင်း၊ ယင်းခရီးစဉ်ကိုအခွင့်ကောင်းအဖြစ်ယူပြီး စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ လယ်ယာ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ စသော နယ်ပယ်များတွင် တရုတ်နှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုကြောင်း၊ ပိုလန်သည် One Belt And Roadပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စီဒ်လိုက ပြောကြားခဲ့ပါသည်။