"IDA- 182 th Replenishment Meeting သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြ

2016-06-22 09:58:50 |သတင်းအရင်းအမြစ် 中华网

နေပြည်တော် ဇွန်၂၁

World Bank Group အုပ်စုဝင် International Development Association ၏ "IDA- 182 th Replenishment Meeting" ကို ယနေ့ နံနက် ၈း၃၀ နာရီတွင် နေပြည်တော် Kempinski Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း Ministry of Foreign Affairs Myanmar သတင်းစာမျက်နှာတွင် ဖော်ပြခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေး အန္တရာယ် များကို ရင်ဆိုင်ကျော်လွှားနေရကြောင်း၊ ကျား/မ တန်းတူညီတူ ဖွံ့ဖြိုးတိုးတက် မှုရှိရေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးမှုတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်ချုပ်မှုယန္တရားအား ကောင်းမွန်ဖွံ့ဖြိုးပြီး Good Governance ဖြစ်စေရန်ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာသာမက အသိပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးစေလိုကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားသွားပါသည်။

International Development Association သည် World Bankအုပ်စုဝင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၃ နိုင်ငံမှ ရှယ်၇ာဝင်များအဖြစ်ပါဝင်ပါသည်။ 
၎င်းအဖွဲ့မှ ကမ္ဘာ့ ၀င်ငွေအနည်းဆုံး နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးရေး၊ ကျား/မ တန်းတူရှိရေး နှင့် ပြည်သူများ လူနေမှုအဆင့်အတန်း မြှင့်တင်ပေးရေး ဆိုင်ရာ စီမံချက်များအတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း Ministry of Foreign Affairs Myanmarဖော်ပြချက်အရသိရသည်။