အမျိုးသမီးများ တစ်ပတ်လျှင် ပျမ်းမျှနာရီ ၆၀အလုပ်လုပ်ပါက ကင်ဆာဖြစ်နိုင်ချေ ၃ဆခန့်ပ

2016-06-22 15:23:06 |သတင်းအရင်းအမြစ် 中华网

ဗြိတိန်နိုင်ငံ Daily Mail ဇွန်လ ၁၇ရက်နေ့ သတင်းများအရ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်၏ သုတေသန ပြုလုပ်ချက်အသစ်များ၏ တွေ့ရှိချက်အရ အကယ်၍ အမျိုးသမီးများအနေဖြင့် တစ်ပတ်ပျမ်းမျှ နာရီ ၆၀ နူန်းဖြင့် နှစ်ပေါင်း ၃၀ ဆက်တိုက်လုပ်မည်ဆိုပါက အမျိုးသမီးဆီးချိုရောဂါ (DMII)၊ ကင်ဆာရောဂါ၊ကျောက်ကပ်ရောဂါ (Nephrosis) နှင့် အဆစ်ရောင်ရောဂါဖြစ်နိုင်ချေမှာ သာမန်ထက် ၃ဆပိုများကြောင်းသိရသည်။

သုတေသနပြုချက်အရ ထပ်မံတွေ့ရှိရသည်မှာ အမျိုးသမီးများ တစ်ပတ်လျှင် နာရီ ၄၀ အထက်အလုပ်လုပ်ပါက ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး တစ်ပတ်လျှင် နာရီ ၅၀ကျော်ပါက ကင်ဆာရောဂါဖြစ်ပွားနိုင်မှုနူန်းများတက်လာ သည်ဟုလည်းသိရသည်။

 ၎င်းနှင့်ပြောင်းပြန်မှာ ယောကျာ်းလေးများ၏ အလုပ်ချိန်ပိုများလေလေ ကျန်မာရေး ပိုကောင်းလာလေဟုလည်း သုတေသနပြုချက်တွင်ဖော်ပြထားသည်။ သုတေသနပြုလုပ်သူများက အမျိုးသမီးများမှာ အမျိုးသားများ ထက်စာလျှင် အလုပ်ဖိအားများသာမက အိမ်မှုကိစ္စရပ်များ၏ဖိအားများကြောင့် ထိုသို့ဖြစ်ရခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။

ကျန်းမာရေးဝန်ဆောင်မှုစီမံခန့်ခွဲရေးနှင့် မူဝါဒကျွမ်းကျင်သူ ပါမောက္ခDembe က “အမျိုးသမီးများ အထူးသဖြင့် လူနေမှုဘ၀တွင် ပုံစံမျိုးစုံဖြင့်လှုပ်ရှားနေရသော အမျိုးသမီးများသည် အလုပ်တွင်သာ ဖိစိမှုဒဏ်ကိုခံစားရသည် ဖြစ်သောကြောင့် ကင်ဆာရောဂါမျိုးစုံနှင့် အခြားသောရောဂါများရရှိနေကြရသည်ဟုဆိုပါတယ်။ သို့သော် အသက် ၂၀ မှ ၄၀အတွင်း အမျိုးသမီးများသည် အနာဂတ်တွင်ပိုမိုကောင်းမွန်သောဘ၀ကို ရရှိနိုင်စေရန် အတွက် အလုပ်ကိုကြိုးစားလုပ်ကိုင်ကြသည့်အရွယ်ဖြစ်သောကြောင့် အစောပိုင်းအလုပ်ကြိုးစားလုပ်ကိုင်ခြင်း မှာ မိမိတို့၏ကျန်းမားရေးကိုထိခိုက်နေသည်ကို သတိမပြုမိကြဘူး”လို့ ပြောကြားသွားပါသည်။

အမျိုးသားများအတွက်မှာမူ အလုပ်ကိစ္စထက်အခြားသောကိစ္စများ၏ဖိအားများက နည်းပါးသည့်အတွက် အမျိုးသားများ အလုပ်ချိန်ရှည်ကြာစွာလုပ်ခြင်းသည် အဆစ်ရောင်ရောဂါဖြစ်နိုင်ချေများသည်မှအပ အခြားသော နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်းအင်မတန်နည်းပါးသည်ဟုလေ့လာချက်များတွင်ဖော်ပြထားပါသည်။ အံ့သြစရာ ကောင်းသည်မှာ အပတ်စဉ် နာရီ ၄၀အလုပ်လုပ်သောအမျိုးသားများ၊ နာရီ ၄၀အောက် အလုပ်လုပ် သော အမျိုးသားများ ထက်စာလျှင် အပတ်စဉ် ၄၁နာရီမှ နာရီ ၅၀အတွင်းအလုပ်လုပ်သော အမျိုးသာများသည် နှလုံးရောဂါ၊ အဆုတ်ရောဂါနှင့် စိတ်ကျရောဂါဖြစ်ပွားမှုနှူုန်းပိုနည်းသည်ကို တွေ့ရသည်။

ယခင်သုတေသနပြုချက်များအရ အမျိုးသမီးများသည် အလုပ်အပြင် အိမ်အလုပ်များကိုပါ တာဝန်ယူရ သောကြောင့် အလုပ်ချိန်ရှည်ကြာစွာအလုပ်လုပ်ခြင်းဟာ အမျိုးသားများထက် စိတ်ဖိစီးမှုပို၍များသည်။ ထို့အပြင် အမျိုးသမီးများသည် အလုပ်ချိန် နှင့် မိသားစုအကြား အချိန်ကိုမျှပေးရခြင်းကြောင့် အလုပ်တွင်လည်း အထက်လူကြီးများကလည်း အမျိုးသမီးများ၏ လုပ်ရည်ကိုင်ရည်ကို အပြည့်အ၀ကြိုက်နှစ်သက်ကြခြင်းမရှိပေ။ ထို့ကြောင့်လည်း အလုပ်ချိန်ရှည်ကြာလာခြင်း၊ ဖိအားပိုများလာခြင်း၊ ညအိပ်မပျော်ခြင်း၊ အစာမကျေခြင်း၊ ပင်ပန်းခြင်း တို့အပြင် အလုပ်လုပ်ကိုင်ရာတွင် ထိရောက်မှုနည်းပါးခြင်းတို့ကြောင့် အလုပ်အတွင်း စိတ်ဒဏ်ရာရခြင်း စသည်တို့ ကြုံတွေ့လာကြရသည်။

သုတေသနပြုသူများမှာ ၃၂နှစ်မျှ အချိန်ပေး၍ လူပေါင်း ၇၅၀၀ကို  သုတေသနပြုလုပ်ပြီးနောက် ယခုအချက်အလက်များကိုထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။