ကမ္ဘာ့မြန်နှုန်းမြင့်ရထားဖွံ့ဖြိုးမှုအတွက် တရုတ်ပြည်၏ စွမ်းဆောင်မှုထူးချွန်သည်ဟု UIC

2016-06-22 15:29:46 |သတင်းအရင်းအမြစ် 中华网

နိုင်ငံတကာရထားလမ်းမဟာမိတ်အဖွဲ့ (UIC)မှ ဒါရိုက်တာချုပ် လူဘီနွတ်သည် ၂၀ရက်နေ့က ပီကင်းမြို့၌ ဖွင့်လှစ်ခဲ့သော ၁၃ကြိမ်မြောက်တရုတ်နိုင်ငံတကာ ခေတ်မီရထားလမ်းနည်းပညာနှင့် သံလမ်းသုံးပစ္စည်းကိရိယာပြပွဲ၌ မိန့်ခွန်းပြောကြား ခဲ့ရာတွင် တရုတ်ပြည်၏ မြန်နှုန်းမြင့်ရထားလမ်းတိုးတက်မှုမှာ အလျင်မြန်ဆုံးဖြစ်ပြီး ကမ္ဘာ့မြန်နှုန်းမြင့်ရထား၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြု စွမ်းဆောင်မှုမှုမှာလည်း ထူးချွန်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။