ဆင်ဟွာသတင်းဌာန၏ ဇွန်လ ၂၀ ရက်နေ့သတင်းအရ ယောဂဝါသနာပါသူများသည် စစ်လင်ရှာအပန်းဖြေရာ နေရာရှိ UFO မှန်သားပြင်ရှုခင်းဝရန်တာပေါ်တွင်ယောဂလေ့ကျင့်ခဲ့ကြသည်။ထိုနေ့က ယောဂဝါသနာ ပါသူပေါင်း ၁၅၀ ကျော်မှယင်းအကျယ် ၃၂.၈ မီတာရှိတွဲလောင်းဆွဲထားသောမှန်သားပြင် ရှုခင်းမျှော်စင် ပေါ်တွင်နေထွက်ချိန်ကြည့်ရှုခြင်း၊ယောဂကျင့်ခြင်းများကိုပြုလုပ်ခဲ့ကြသည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ၇၀၀ကျော်ရှိတောင်ထိပ်ပေါ်တွင် ကိုယ်စိတ်နှလုံး ရွှင်လန်းကြည်နူးစေသော သဘာဝတရားအား ခံစားနိုင်မည်ဖြစ်သည်။