ဥဇဘက်ကစ္စတန်သို့ ရှီကျင့်ဖိန် ရောက်ရှိ

2016-06-22 16:25:57 |သတင်းအရင်းအမြစ် 中华网

၂၁ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်သည် ပူဟာရာသို့ ရောက်ရှိပြီး ဥဇဘက်ကစ္စတန် သမ္မတနိုင်ငံတွင် စတင်ခရီးလှည့်လည်ကာ တပ်ရှကင့်မြို့တော်၌ ကျင်းပမည့် ရှန်ဟဲ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ ကောင်စီ ၁၆ကြိမ်မြောက် အစည်းအဝေးသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။  ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန်ပြည်သူများအား စေတနာသန့်သန့်ဖြင့် နှုတ်ခွန်း ဆက်သပြီး ကောင်းမွန်သော ဆုတောင်းမေတ္တာ ပို့လိုက်ခဲ့ပါသည်။ ၎င်းက တရုတ်- ဥဇဘက်ကစ္စတန် ချစ်ကြည်ရေးသမိုင်းကြာရှည်ကြောင်း၊ နှစ်ပေါင်း၂ထောင်ကျော်တုန်းက နှစ်နိုင်ငံပြည်သူများသည် ပိုးလမ်းမကြီးကို အတူတကွဖွင့်ပေးခဲ့ပြီး တရုတ်- ဥဇဘက်ကစ္စတန် ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုသမိုင်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ မိမိအနေနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ခြင်း၊ နယ်ပယ်အသီးသီးမှ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကိုနက်ရှိုင်းစေခြင်းနှင့်ပတ်သက်၍ သမ္မတ ကာရီမို့ဖှ်နှင့် အမြင်ချင်း ဖလှယ်ရန် မျှော်လင့်ကြောင်း၊ ရှန်ဟဲ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ထူထောင်ခဲ့သည့် ၁၅နှစ် မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်လည်း မျှော်လင့်ကြောင်း၊ ပြောကြားခဲ့ပါသည်။