ဥဇဘက်ကစ္စတန်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်နေသော တရုတ်နိုင်ငံတော် ဥက္ကဌ ရှီကျင့်ဖိန်သည် ၂၁ရက်နေ့က ပူဟာရာရှေးဟောင်းယဉ်ကျေးမှုမြို့တော်တွင် ခရီးလှည့်လည်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။ ဤခရီးလှည့်လည်ခြင်းဖြင့် မိမိတို့သည် တရုတ်-ဥဇဘက်ကစ္စတန် နှစ်နိုင်ငံ၏ သမိုင်း အရင်းအမြစ်ကို ပိုမိုသိရှိနားလည်ကြောင်း၊ ပိုးလမ်းမကြီးစိတ်ဓါတ်ကို ဆက်ခံခြင်း၊ နှစ်နိုင်ငံ ပြည်သူများ၏ချစ်ကြည်ရေးတိုးပွားစေခြင်း နှင့် One Belt And Road အတူတကွ တွန်းအားပေးထူထောင်ခြင်းအတွက် အကျိုးရှိကြောင်း၊ ရှီကျင့်ဖိန်က ပြောကြားခဲ့ပါသည်။